ရွန်နီသွင်းဂိုး

A d v e r t i s e m e n t With Us

November 18, 2015

အင်္ဂလန်-ပြင်သစ် ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရွန်နီသွင်းဂိုး ရေပန်းစားနေ (ရုပ်သံ)

ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ၀င်ဘလေကွင်းမှာ အင်္ဂလန်နဲ့ ပြင်သစ်တို့ ကစားတဲ့ ပွဲမှာ အင်္ဂလန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အင်္ဂလန် အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၃၉ မိနစ်မှာ ဒယ်လီယာလီက သွင်းယူခဲ့သလို ဒုတိယဂိုးကိုတော့ ၄၈ မိနစ်မှာ ရွန်နီက သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုက ၂ ဘက်အသင်းအတွက် သူမသာ ကိုယ်မသာ အနေအထားမှာ ရှိခဲ့ပါတယ်။ အင်္ဂလန် အသင်းဟာ လူငယ်ကစားသမားအများစုကို အသုံးပြုသွားပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းတွေရဲ့ ပျှမ်းမျှ အသက်က ၂၄နှစ်နဲ့ ၁၁၃ ရက်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖျက်တိုက်ခိုက်မှုကြောင့် ဒီပွဲကို ရွှေ့ဆိုင်းမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမယ့်လည်း မရွှေ့ဆိုင်းဘဲ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပရိသတ် ၇ သောင်းကျော်တက်ရောက်ပြီး ပဲရစ်တိုက်ခိုက်မှုအပေါ် စာနာကြောင်း ပြသခဲ့သလို ပြင်သစ် နိုင်ငံတော်သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။
5 years Ago
Up