ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ ရွက်လှေအားကစားနည်းကနေ အနည်းဆုံး ဆုတံဆိပ်တခု ရယူနိုင်ဖို့ မြန်မာရွက်လှေအားကစားအဖွဲ့က မျှော်မှန်းထားပါတယ်။
အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အားကစားနည်း စုစုပေါင်း ၅၇ မျိုး ထည့်သွင်းကျင်းပကာ ရွက်လှေအားကစားကနေလည်း ရွှေတံဆိပ် ၁၁ ခုကျော် ချီးမြှင့်ဖို့ရှိပါတယ်။
မြန်မာရွက်လှေအားကစားအဖွဲ့ကတော့ ဆီးဂိမ်းမတိုင်ခင် နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပြီး ဆီးဂိမ်းမှာ အနည်းဆုံး ဆုတံဆိပ်တခု ရနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
မြန်မာရွက်လှေအဖွဲ့ဟာ ပြိုင်ပွဲအမျိုးအစား လေးမျိုးလောက် ဝင်ပြိုင်ဖို့ရှိပြီး ဆုတံဆိပ်ရဖို့ ရာနှုန်းပြည့် ကြိုးစားမယ်လို့လည်း ကစားသမားတဦးက ပြောပါတယ်။
မြန်မာရွက်လှေအားကစားအဖွဲ့ အနေနဲ့ ပဏာမကစားသမား ၁၅ ဦးကနေ ၂၀ ဦးအထိ ရွေးချယ်လေ့ကျင့်မှာဖြစ်ပြီး ဆီးဂိမ်းမှာပါဝင်မယ့် ရွက်လှေပွဲစဉ်တွေထဲကနေ ပြိုင်ပွဲ ၆ မျိုးလောက်မှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ထားတယ်လို့ သိရပါတယ်။
2 years Ago