ရွက်လွှင့်လာသူများ

April 3, 2017

ရွက်လွှင့်လာသူများကို ထိတ်လန့်ဖွယ် လှိုင်းရိုက်ခတ်မှုကြောင့် ပင်လယ်ထဲလွင့်စင် (ရုပ်သံ)

ရွက်လွှင့်လာတဲ့ လှေတစီးကို တိမ်းမှောက်သွားတဲ့အထိ လှိုင်းအကြီးကြီးတချက်က ရိုက်ခတ်လိုက်တာဟာ တကယ့်ကို ထိတ်လန့်စရာပါ။ ရွက်လှေပေါ်မှာပါလာတဲ့သူတွေ အားလုံးကိုလည်း ပင်လယ်ထဲကနေ ကယ်တင်လိုက်ရတယ်လို့ သည်ဆန်းရဲ့ ဧပြီ ၁ ရက်နေ့ သတင်းတပုဒ်မှာ ရေးသားထားပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ ရက်ဒွန်ဒိုကမ်းခြေမှာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ထိုးပြီးလောက်က ဒီလို လှိုင်းအကြီးကြီး ရိုက်ခဲ့တာဖြစ်ပြီး စိုးရိမ်တကြီး စောင့်ကြည့်နေတဲ့ ဒေသခံတွေက ဒီရုပ်သံကို ရိုက်ကူးနိုင်ခဲ့တာပါ။ ရွက်လှေသေးသေးလေးက လှိုင်းရဲ့ရိုက်ချက်ကြောင့် လွင့်စင်သွားပြီး လှေမှောက်လုနီးပါး ဖြစ်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ နောက်ဆုံးမှာ လှေက လွင့်သွားပြီး လှေပေါ်ပါလာတဲ့လူတွေ ပင်လယ်ထဲ ပြုတ်ကျသွားတာ မြင်ရမှာပါ။ ဒါဟာ လေပြင်းရိုက်ခတ်လို့ ဖြစ်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ လှေပေါ်က လူ ၄ ဦးကို ရေထဲက ကယ်ဆယ်ခဲ့ရပြီး ဒီလူတွေ ထိခိုက်ဒဏ်ရာမရဘူးလို့ သိရပါတယ်။ “လှိုင်းက အားနည်းနည်းပြင်းတယ်၊ သူတို့ကံကောင်းလို့” လို့ ဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာရက်ပါပေါ့တ်က ပြောပါတယ်။ လှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ လှေတွေကို ပြန်ပြင်နေတယ်လို့ ဆိုပါတယ်။
4 years Ago
Up