ရဲ ၅ ဦးသေဆုံးခဲ့သည့် ဒါးလက်စ်ပစ်ခတ်မှုတွင် ရဲတဦးကို အနီးကပ်ပစ်ခတ်သည့် ရုပ်သံ ထွက်ပေါ်

July 8, 2016

ရဲ ၅ ဦးသေဆုံးခဲ့သည့် ဒါးလက်စ်ပစ်ခတ်မှုတွင် ရဲတဦးကို အနီးကပ်ပစ်ခတ်သည့် ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု လူဝစ်စီယားနားနဲ့ မင်နီဆိုတာတွေမှာ လူမည်းတွေ ပစ်သတ်ခံခဲ့ရတာကို ကန့်ကွက်တဲ့ ဒါးလက်စ်က ဆန္ဒပြပွဲမှာ ရဲအရာရှိ ၁၁ ဦးကို ပစ်ခတ်ခဲ့တဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံ အင်တာနက်ပေါ်ကို ပျံ့နှံ့လာပါတယ်။ တိုင်တွေကို အကာအကွယ်ယူထားသူတဦး အနီးကို သေနတ်သမားတဦးက ရောက်လာပြီး အနီးကပ် ပစ်ခတ်ခဲ့တာကို အပေါ်စီးကနေ အပျော်တမ်း ကင်မရာသမားတဦးက မှတ်တမ်းတင်ထားတာပါ။ ပစ်ခတ်ခံရသူက ဘယ်သူလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒီလိုပစ်ခတ်တဲ့ရုပ်သံကို သတင်းမီဒီယာ အတော်များများက မဖော်ပြခဲ့ဘဲ တခြားအပိုင်းတွေကိုပဲ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ ဒီသေနတ်သမားက အနီးနားက တိုင်တွေကို အကာအကွယ်ယူပြီး အပြန်အလှန် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဇူလိုင် ၈ ရက် ဒါးလက်စ်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ခန့်မှန်းခြေ စနိုက်ပါ သေနတ်သမား ၄ ဦးက ရဲတပ်ဖွဲ့ကို ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးထိမှန်ပြီး ၅ ဦး သေဆုံးသွားပါတယ်။ သံသယရှိတယ်လို့ ယူဆရတဲ့ သေနတ်သမားတဦးရဲ့ ဓာတ်ပုံကိုလည်း ရဲတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
5 years Ago
Up