ရဲနှင့်သစ်တောဝန်ထမ်း

A d v e r t i s e m e n t With Us

July 5, 2019

ရဲနှင့်သစ်တောဝန်ထမ်းများ စီးနင်းလာသည့်ကားကို သစ်ခိုးသမားများက ဓားကိုင်နှောင့်ယှက်

သစ်ခိုးထုတ်တဲ့ကားတွေကို ဖမ်းဆီးပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ပါတဲ့ သစ်တောဌာနအဖွဲ့တွေကို သစ်ခိုးသူတွေက လမ်းကနေ ဖြတ်ပြီး ဓားတွေကိုင်ဆောင် တားဆီး နှောင့်ယှက်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် သစ်တောဦးအဖွဲ့နဲ့ အုပ်တွင်းသစ်တောဌာနတို့ ပူးပေါင်းပြီး ပဲခူးရိုးမပေါ် နယ်မြေရှင်းလင်းရေးသွားရင်း သစ်ခိုးထုတ်တဲ့ကား ၃ စီးဖမ်းမိခဲ့ကာ၊ အပြန်မှာ သစ်တောဌာနပိုင် ဘော်ဒါလို့အမည်ပေးထားတဲ့ တောတွင်းစခန်းကို သစ်ခိုးသူတွေ အဖွဲ့လိုက်ရောက်လာပြီး ၀န်ထမ်းတွေကို ရန်ပြုပြီး ကားတွေကိုပြန်ပေးဖို့ ခြိမ်းခြောက်ခဲ့တာလို့ ပေါက်ခေါင်းမြို့နယ် သစ်တောဌာနက သိရပါတယ်။ Super Custom ခဲရောင်ကား ၂ စီး၊ HIACE ကား ၃ စီးနဲ့ ကျွန်းသစ် ၁၀ တန်ကျော်ကို နယ်မြေရှင်းလင်းရေးသွားရင်းနဲ့ သစ်တောဦးစီးဌာနက ပဲခူးရိုးမပေါ်က ပေါက်ခေါင်းမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်ထဲမှာ ဖမ်းဆီးမိခဲ့တာပါ။ ဒီလို ဖမ်းဆီးပြီးအပြန်မှာ သစ်တောစခန်းရှေ့ထိ အုပ်စုဖွဲ့ခြိမ်းခြောက်ပြီးနောက် ပဲခူးရိုးမတောင်ပေါ်က ပေါ်လန်ကြီးစခန်းအနားက မျှစ်ချဉ်တောင်ထိပ်ကားလမ်းမပေါ်ကနေ Caldina အဖြူရောင်ကားတစီးနဲ့ ဓားတွေကိုင်ဆောင်ထားတဲ့ လူအုပ်စုတစုက ထပ်ပြီးလမ်းကို ကန့်လန့်ဖြတ်ပိတ်ပြီး တားဆီးနေတာကြောင့် ကွေ့ပတ်ပြီးကားကို အတင်းမောင်းပြေးခဲ့ရတယ်လို့ ပြည်ခရိုင်သစ်တောဦးစီးမှူး ဦးမြင့်သိန်းထွန်းကပြောပါတယ်၊ အဲဒီကားပေါ်မှာ သစ်တောဝန်ထမ်း ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးလိုက်ပါလာတာဖြစ်ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့တာမရှိပါဘူး။ အဆိုပါ သစ်ခိုးတဲ့အုပ်စုက ပေါင်းတည်မြို့နယ်ထဲ ကဖြစ်တယ်လို့  အမည်မဖေါ်လိုသူ ဒေသခံတယောက်ကပြောပါတယ်။ ဒီအမှုကို ပေါက်ခေါင်းမြို့မရဲစခန်းက (ပ)၁၃၆/ ၂၀၁၉ ၊ ၀တ္တရားနှောက်ယှက်မှု တားဆီးပိတ်ပင်မှု ပုဒ်မ ၃၅၃/ ၃၄၁ တွေနဲ့ လူ ၇ ယောက်ကိုအမှုဖွင့်ထားပြီး လိုက်လံ ဖမ်းဆီးဖို့ လုပ်နေတယ်လို့ ပေါက်ခေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းညွှန့်က ပြောပါတယ် သတင်း- မင်းညို
2 years Ago
Up