ရဲ၁ဦးဒဏ်ရာရ

April 3, 2021

မြဝတီတွင် စစ်ကောင်စီလက်ပါးစေရဲတပ်ဖွဲ့ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရဲ ၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာ မြန်မာထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအောက်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ကို ဧပြီ ၂ ရက်နေ့ ည ၇ နာရီကျော်မှာ အမည်မသိလူနှစ်ဦးက မော်တော်ဆိုင်ကယ်နဲ့လာပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်သွားတာကြောင့် ရဲ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်သား မင်းဇော်ဦးမှာ ယာလက်ဖျံ ဗုံးစထိမှန်သွားပြီး ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်စစ်ဆေးရုံမှာ အတွင်းလူနာ (မစိုးရိမ်ရ) ကုသခံယူနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းနောက်ပိုင်း ရဲတပ်ဖွဲ့က ပထမဆုံး တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

မြဝတီမြို့မှာ မကြာခဏ သေနတ်နဲ့ ဗုံးသံတွေကြောင့် ပြည်သူတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

8 months Ago
Up