ရဲအရာရှိတဦး ပစ်ခတ်မှု

A d v e r t i s e m e n t With Us

December 27, 2020

ဖိလစ်ပိုင်တွင် ရဲအရာရှိတဦး၏ ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မြောက်ဘက် တာလက်ပြည်နယ်မှာ တာဝန်ချိန်ပြင်ပ ရဲအရာရှိ တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သားအမိ ၂ ယောက်ရဲ့ အလောင်းတွေကို ဒီဇင်ဘာ ၂၇ ရက်က သင်္ဂြိုဟ်လိုက်ပြီး ဆွေမျိုး မိတ်ဆွေတွေနဲ့ စာနာသူ ရာချီပြီး ဈာပနပွဲကို တက်ရောက်ခဲ့ပါတယ်။  အသက် ၅၂ နှစ်အရွယ် ဆိုညာဂရီဂေါ်ရီယိုနဲ့ သားဖြစ်သူ ဖရန့်ခ်တို့ဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ခေါင်းကို သေနတ်နဲ့ ပစ်သတ်တာ ခံခဲ့ရပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ သမ္မတ ရိုဒရီဂိုဒူဒါတေရဲ့ မူးယစ်စစ်ပွဲဟာ ရဲတွေ ဒဏ်ခတ်မခံရတဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားလာအောင် ဖန်တီးနေတယ်လို့ ပြောပါတယ်။ နှစ်သစ်ကူးပွဲတော်မှာ သုံးတဲ့ အိမ်လုပ် အသံမြည်ပစ္စည်းကို သုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပစ်သတ်ခံရတဲ့ သားအမိနဲ့ ရဲတို့ ငြင်းခုံ ရန်ဖြစ်နေပုံကို မိသားစုဝင်တယောက်က ဖုန်းနဲ့ ရုပ်သံ မှတ်တမ်းတင်ထားခဲ့တာကို တွေ့ရပါတယ်။ ရန်ပွဲပြင်းထန်လာချိန်မှာ မိခင်က သားကို ဖက်ထားတုန်း ရဲက မိခင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်အပြီး သားဖြစ်သူရဲ့ ခေါင်းကိုပါ ပစ်ခဲ့တာလို့ ရုပ်သံက ပြထားပါတယ်။ ထွက်မပြေးခင်မှာ ရဲက မိခင်ဖြစ်သူကို သေနတ်နဲ့ ထပ်ပစ်ခဲ့ပါသေးတယ်။ အဲဒီညမှာပဲ ရဲအရာရှိဟာ ရဲတပ်ဖွဲ့ဆီမှာ အဖမ်းခံခဲ့ပြီး လူသတ်မှု ၂ မှုကို ရင်ဆိုင်နေရပါတယ်။
2 months Ago
Up