ရဲအရာရှိ ၄ ဦးသေဆုံး

A d v e r t i s e m e n t With Us

November 20, 2016

ဘရာဇီး စစ်ရဟတ်ယာဉ် ပျက်ကျသည့်ရုပ်သံထွက်ပေါ်၊ ရဲအရာရှိ ၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေဒိုးမြို့မှာ ရာဇ၀တ်ဂိုဏ်း နှိမ်းနှင်ရေးစစ်ဆင်ရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစီး စနေနေ့ညက ပျက်ကျလို့ ရဲအရာရှိ ၄ ဦး သေဆုံး သွားပါတယ်။ ရီယိုမြို့မှာ City of God လို့ နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ကျူးကျော်ရပ်ကွက်ကြီးထဲမှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ် မပျက်ကျခင် အောက်ကနေ ရဟတ်ယာဉ်ကို ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မျက်မြင်တွေကပြောဆိုပါတယ်။ အဲဒါမတိုင်ခင်တရက်က ကျူးကျော်ရပ်ကွက်ကြီးအတွင်း ရာဇ၀တ်ဂိုဏ်းတွေကို ရီယိုမြို့ရဲတပ်ဖွဲ့တွေ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီး ဒီရဟတ်ယာဉ်ကလည်း စစ်ဆင်ရေးကို ထောက်ပံ့ပေးနေတဲ့ ရဟတ်ယာဉ်ဖြစ်ပါတယ်။ ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ရီယိုမြို့ ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။ ရီယိုဒီ ဂျနေဒိုးမြို့ဟာ ဘရာဇီးနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ၂၀၁၆ အိုလံပစ်အားကစားပွဲ ကျင်းပခဲ့တာပါ။ အိုလံပစ်ပွဲတော် ပြီးစီးပြီး လပိုင်းမှာပဲ ရာဇ၀တ်မှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ပြီး များလာလာတယ်လို့ သတင်းတွေက ဆိုပါတယ်။
4 years Ago
Up