ရဲအင်အားအလုံးအရင်း

February 27, 2021

ရေးမြို့နယ် ဆန္ဒပြပွဲပြီးမှ ရဲအင်အားအလုံးအရင်းဖြင့် လာရောက်လူစုခွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၁၉ ရက်မြောက်အဖြစ် ဒီနေ့မနက် ၉ နာရီက စတင်ပြီးတော့ ရပ်ကွက်နဲ့ကျေးရွာတွေက ဒေသခံအင်အား ၃၀၀၀ နဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ လှည့်လည်ပွဲအပြီးမှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀လောက် ရောက်ရှိလာပြီး လူစုခွဲခဲ့ပါတယ်။

သတင်း-ဝင်းနိုင်သက်၊ ဓာတ်ပုံ-အံ့မှူးမဟာ

8 months Ago

January 5, 2021

မြောက်ဒဂုံမြို့နယ် YGN KTV ကို ရဲအင်အားအလုံးအရင်းဖြင့် ဝင်ဖမ်း

မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ စွမ်းအင်မှတ်တိုင်အနီးက YGN KTV ကို ဇန်နဝါရီ ၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်လောက်က ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ KTV မှာရှိနေတဲ့ ဧည့်သည်တွေ၊ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၁၀၀ လောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဖမ်းဆီးသွားတဲ့ လူဦးရေကို အတည်ပြုပြောဆိုတာမျိုးမရှိဘဲ စားသုံးသူနဲ့ဆိုင်ဝန်ထမ်းတွေကို စိစစ်နေဆဲ ရှိသေးပြီး အမှုဖွင့်အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ အစိုးရရဲ့အမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး ဖွင့်ခဲ့တဲ့အတွက် YGN KTV ကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
9 months Ago
Up