ပြင်သစ်နိုင်ငံတလွှား နှစ်သစ်ကူးကာလမှာ စစ်သားနဲ့ ရဲအင်အား အယောက် ၉ သောင်း ၆ ထောင် တာဝန်ချထားမယ်လို့ ပြင်သစ်အာဏာပိုင်တွေက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂျာမနီနိုင်ငံရဲ့မြို့တော် ဘာလင်မှာ ခရစ္စမတ်ညဈေးကို တိုက်ခိုက်ခံခဲ့ရလို့ အကြမ်းဖက် ခြိမ်းခြောက်မှုက ရှိနေဆဲလို့လည်း သတိပေးလိုက်ပါတယ်။
မြို့တော်ပါရီက ချမ့်စ် အီလီဇီစ် ရိပ်သာလမ်းကျယ်ဆီ လူ ၆ သိန်းလောက် နှစ်သစ်ကိုကြိုဖို့ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် လည်ပတ်သူတွေကို ကာကွယ်ဖို့ စစ်သားနဲ့ ရဲတွေ အကြီးအကျယ် တပ်ချထားပါတယ်။
ပါရီတမြို့တည်းကို ရဲ၊ စစ်သား၊ မီးသတ်နဲ့ တခြားအရာရှိတွေ ပူးပေါင်းပြီး အင်အား ၁၀၃၀၀ ထိ တာဝန်ချထားပါတယ်။
ပြင်သစ် ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးလည်း ကင်းလှည့်နေပါတယ်။ နှစ်သစ်ကူးအကြိုညကို တိုက်ခိုက်ဖို့ စီမံနေတယ်လို့ သံသယရှိတဲ့ အမျိုးသားတဦးကို ပြင်သစ် အနောက်တောင်ပိုင်းမှာ ရဲတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ပါရီမြို့တော်ကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ လူအယောက် ၁၃၀ သေဆုံးခဲ့ပါသေးတယ်။
ဥရောပတလွှားမှာလည်း အလားတူ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ လုံခြုံရေး တိုးမြှင့်ထားပါတယ်။
6 years Ago