ရဲသျှမ်း

November 18, 2020

စာရေးဆရာ ညီပုလေး၊ မသီတာ(စမ်းချောင်း)၊ ရဲသျှမ်းတို့ပါဝင်သည့် စာပေစကားဝိုင်း အွန်လိုင်းမှ တက်ရောက်နိုင်

ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒဿနပညာနေ့အထိမ်းအမှတ်အနေနဲ့ စာရေးဆရာ ညီပုလေး၊ မသီတာ(စမ်းချောင်း)နဲ့ ရဲသျှမ်းတို့ ပါဝင်ဆွေးနွေးသွားကြမယ့် စာပေစကားဝိုင်းကို အွန်လိုင်းကနေ ကျင်းပသွားဖို့ ရှိနေပါတယ်။ စာပေက ပေးသော ဘဝအတွေးအမြင်များ-“Literature for Ways of Life”လို့ အမည်ပေး ထားတဲ့ ဒီစကားဝိုင်းကိုတော့ နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ညနေ ၃ နာရီထိ ကျင်းပသွားမှာဖြစ်ပြီး Moderator အနေနဲ့ World Philosopher Day 2020 ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဆန်းထွန်းက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲစကားဝိုင်းကို တိုက်ရိုက်တက်ရောက်နားထောင်လိုသူတွေအနေနဲ့ Zoom အက်ပ လီကေးရှင်းကနေတဆင့် Webinar ID: 932 4421 0086 ၊ Passcode: 191120 တို့ကို အသုံး ပြုပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒဿနိကဗေဒအသင်း(မြန်မာနိုင်ငံ)နဲ့ တက္ကသိုလ်များ  ဒဿနိကဗေဒမိသားစုတို့ ပူးပေါင်း တင်ဆက်တဲ့ World Philosopher Day 2020 အခမ်းအနားကိုတော့ ဒီကနေ့မနက် ၉နာရီခွဲ နာရီကတည်းက စတင်ကျင်းပသွားမှာဖြစ်ကာ တခြားသော ဒဿနစကား ဝိုင်းဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
5 months Ago
Up