ရဲဝန်ထမ်းဟောင်း ၄ ဦး

June 30, 2020

ဂျော့ချ်ဖလွိုက်အား သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် ရဲဝန်ထမ်းဟောင်း ၄ ဦး တရားရုံးရောက်

လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့  ရဲဝန်ထမ်းဟောင်းနဲ့ တခြားရဲဝန်ထမ်းဟောင်း ၃ ယောက်တို့ဟာ  ဇွန် ၂၉ ရက်က မင်နီယာပိုလစ် တရားရုံးကို လာရောက်ခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် ရဲဝန်ထမ်းဟောင်း ဒဲရစ်ရှိုပင်ကို ဂျော့ချ်ဖလွိုက် သေဆုံးပြီး ၄  ရက်အကြာ မေ ၂၉ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ ရှိုပင်ဟာ ပြင်းထန်တဲ့ လူသတ်မှုစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။ တခြား ရဲဝန်ထမ်းဟောင်း ၃ ယောက်ဖြစ်တဲ့ ဂျေအလက်ဇန်းဒါးကန်၊ သူထောင်နဲ့ သောမတ်စ်လိန်းတို့ကိုတော့ လူသတ်မှုမှာ အားပေးကူညီမှုနဲ့ စွဲချက်တင်ထားတာပါ။ ရဲဝန်ထမ်းဟောင်း ၄ ယောက်စလုံးဟာ အယူခံဝင်မထားပါဘူး။ ရှိုပင်နဲ့ သူထောင်တို့ကို ထိန်းသိမ်းထားပြီး အလက်ဇန်းဒါးကန်းနဲ့ သောမတ်စ်လိန်းတို့ကိုတော့  အာမခံနဲ့ လွှတ်ပေးထားတယ်လို့ အကျဉ်း စခန်းမှတ်တမ်းတွေအရ သိရပါတယ်။ မန်နီယာပိုလစ်မြို့မှာ ရဲဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုကြောင့်   နိုင်ငံတဝန်း လူမျိုးရေး တရားမျှတမှုနဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူမျိုးရေး ခွဲခြားမှုနဲ့ ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း ကမ္ဘာတလွှား ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။
11 months Ago
Up