ရဲဝန်ထမ်း

A d v e r t i s e m e n t With Us

January 23, 2021

ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့

မန္တလေးတိုင်း၊ ကျောက်ဆည် မြို့မရဲစခန်း၊ အချုပ်ခန်းက တရားခံတချို့ကို ဇန်နဝါရီ ၂၃ ရက်နေ့  မနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးခဲ့ပြီး အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့မ ရဲစခန်းကနေ သိရပါတယ်။

ကျောက်ဆည်မြို့မရဲစခန်းမှာရှိတဲ့ အချုပ်တရားခံ ၄၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗိုင်းရပ်စ် ကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးခဲ့တာပါ။

ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက "လောလောဆယ်တော့ ၁၅ ဦး တွေ့ပါတယ်၊ ဘယ်သူ့ဆီက ကူးမှန်းတော့ မသိသေးဘူး" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်ကျ တရားခံ ၁၁ ဦးကို RDT test နဲ့ စစ်ဆေးခဲ့ပြီး negative အဖြေထွက်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ  အိုးဘိုထောင်ကို ပို့ဆောင်ပြီး ထပ်မံစစ်ဆေးတဲ့အခါ နှစ်ဦးမှာ positive အဖြေထွက်ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကျောက်ဆည်မြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ ကျန်ရှိတဲ့ အချုပ်သား ၄၀ ကျော်ကို ဒီနေ့မနက် ဆေးစစ်ခဲ့ပြီး ၁၄ ဦးမှာ ပိုးတွေ့ခဲ့တာပါ။

ပိုးတွေ့သူ ၁၄ ဦးကို မင်းစုရဲကင်းစခန်းက ပေါ့စတစ်လူနာထားရှိရာ အချုပ်ခန်းကို ပို့ဆောင်ထားပြီး ကျန်သူတွေကိုတော့ ကျောက်ဆည်မြို့က သီးခြား အချုပ်ခန်းမှာ ထားရှိတယ်လို့ သိရပါတယ်။

အိုးဘိုထောင်ကို အကျဉ်းသားတွေ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၅ ဦးကိုလည်း ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ဆေးခဲ့တာဖြစ်ပြီး ၁ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင်နှစ်ဦးကိုလည်း ကျောက်ဆည်မြို့က ကွာရန်တင်းစင်တာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

5 days Ago

January 17, 2021

မကွေးတိုင်းတွင် ရဲဝန်ထမ်း ၁ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅၀ ထပ်တွေ့

မကွေးတိုင်းဒေသကြီးအတွင်းမှာ ရဲဝန်ထမ်း ၁ ယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၅၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ TTC ကွာရန်တင်းစင်တာမှာ အသွားအလာကန့်တ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေရှိခဲ့ပြီး ကိုဗစ်ကာလအတွင်းမှာ တိုင်းဒေသကြီးအတွင်းက ရဲတပ်ဖွဲ့ဝင် ၁၉ ယောက်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောပါတယ်။ ပိုးတွေ့လူနာတွေကတော့ ချောက်မြို့နယ်က ၁၀ ယောက်၊ မကွေးမြို့နယ်က ၈ ယောက်၊ အောင်လံမြို့နယ်က ၇ ယောက်၊ ရေနံချောင်မြို့နယ်က ၅ ယောက်၊ မြို့သစ်မြို့နယ်က ၄ ယောက်၊ စလင်းမြို့နယ်က ၄ ယောက်၊ ငဖဲမြို့နယ်က ၃ ယောက်၊ ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ဆင်ပေါင်ဝဲမို့နယ်တွေမှာ ၂ ယောက်စီနဲ့ မင်းဘူး၊ တောင်တွင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ ၁ ယောက်စီ တွေ့ခဲ့တာလို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ ရောဂါကူးစက်ခံရသူတွေကတော့ အသွားလာကန့်သတ်ထားတဲ့ ရန်ကုန်၊ မန္တလေးတို့က ပြန်လာသူတွေဖြစ်ပြီး ရောဂါပိုးရှိသူနဲ့ ထိစပ်ခဲ့သူတွေ၊ ယာဥ်မောင်း/ယာဥ်နောက်လိုက်တွေ၊ စောင့်ကြည့်လူနာတွေနဲ့ အနံ့ပျောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၇၆ ယောက်နဲ့ သေဆုံးသူက ၉ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သတင်း-မင်းထီး
2 weeks Ago
More News
Up