ရဲဝန်ထမ်း

May 30, 2018

ထိုင်းတွင် ရဲဝန်ထမ်းများအား တာဝန်ချိန်အတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့် တားမြစ်

ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ အသုံးပြုခွင့် တားမြစ်လိုက်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းမှာ မေလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ဒီတားမြစ်ချက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တကယ်လို့ ဖောက်ဖျက်မယ်ဆိုရင် ရာထူးတိုးမြှင့်မှုတွေမှာ ကြန့်ကြာနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဖတ်သလန်ခရိုင်၊ ခေါင်ချိုင်ဆန်ရဲစခန်းမှူးက ဒေသတွင်း ရဲဌာနတွေဆီ ဒီညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီစာထဲမှာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ လိုင်း၊ အီးမေးလ် စတာတွေ အသုံးမပြုဖို့ ရဲသတင်းအထွေထွေစာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုခွင့် တားမြစ်ချိန်ကတော့ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိဖြစ်ကာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ရဲဝန်ထမ်းတွေဟာ အများပြည်သူအတွက် အချိန်ပြည့် အကောင်းဆုံး တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago

March 9, 2017

မူးယစ်တရားခံကားဖြင့် တိုက်မိပြီး လေပေါ်ကျွမ်းပျံမြောက်တက်ခဲ့ရသည့် ရဲဝန်ထမ်း (ရုပ်သံ)

တရုတ်နိုင်ငံမှ ရဲဝန်ထမ်းတဦးဟာ ကားမောင်းထွက်ပြေးခဲ့တဲ့ မူးယစ်တရားခံကို လိုက်လံဖမ်းဆီးချိန်မှာ ကားနဲ့တိုက်မိပြီး လေပေါ်ကို ကျွမ်းပျံမြောက်တက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းခရိုင်၊ ပူကျန်းမြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ မတ်လ ၆ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မျက်နှာချင်းဆိုင်က မောင်းလာတဲ့ မူးယစ်တရားခံရဲ့ကားကို လက်ပြတားချိန်မှာ ရပ်မပေးခဲ့ဘဲ သူ့ကိုတိုက်မိခဲ့ကာ ကားဘောနက်ပေါ်မှတဆင့် လေထဲမှာ ပတ်လည်လှည့် လွင့်ထွက်သွားခဲ့ပြီး မြေကြီးပေါ် ကျသွားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ မကြာခင်မှာပဲ ရောက်ရှိလာခဲ့ကြတာပါ။ လက်ရှိမှာတော့ အသက် ၂၄ နှစ်အရွယ် ရဲဝန်ထမ်း ဟုန်လီရှန်းကို သူရဲကောင်းတဦးအဖြစ် ချီးကျူးနေကြတာပါ။ မူးယစ်တရားခံ တူဂူအိုဇောင်ရဲ့ ကားကိုတော့ အဲဒီနေ့ ညနေမှာပဲ တွေ့ရှိခဲ့ရပြီး သူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တူဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပြစ်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ၅ ရက်ကြာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထွက်ပြေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up