ရဲရွာရေလှောင်တမံ ရေပြည့်မှတ် ကျော်လွန်၊

August 29, 2017

ရဲရွာရေလှောင်တမံ ရေပြည့်မှတ် ကျော်လွန်၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေး နေထိုင်သူများကို သတိပေး

မန္တလေးတိုင်းဒေသကြီးရှိ ရဲရွာရေလှောင်တမံမှာ ရေပြည့်မှတ်ကျော်လာလို့ ရေလျှံနေပြီ ဖြစ်တာကြောင့် ဒုဋ္ဌဝတီမြစ်ကမ်းတလျှောက် နေထိုင်သူတွေ ရေဘေးသတိထားကြဖို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။ ရေအားလျှပ်စစ် ထုတ်လုပ်နေတဲ့ ရဲရွာတမံရဲ့ အမြင့်ဆုံး ရေလှောင်မှတ်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ၆၀၇ ပေ ဖြစ်ပြီး ရေဝင်များနေတဲ့အတွက် သြဂုတ် ၂၈ ရက် မနက် ၃ နာရီကစပြီး ရေလျှံနေတာ ဖြစ်ပါတယ်။ ရေတွေဟာ ဒုဋ္ဌဝတီမြစ်ထဲကို စီးဝင်မှာဖြစ်ပြီး အဲဒီကတဆင့် ဧရာဝတီမြစ်ထဲကို ဝင်မှာ ဖြစ်ပေမယ့် ဧရာဝတီမြစ်ရေထောက်ချိန်မှာ ဒုဋ္ဌဝတီမြစ်ကမ်းတလျှောက် နေထိုင်သူတွေ ရေဘေးအန္တရာယ် သတိပြုကြဖို့ ရဲရွာရေအားလျှပ်စစ်စက်ရုံမှူးက စာနဲ့ထုတ်ပြန် သတိပေးထားပါတယ်။ ရဲရွာရေလှောင်တမံမှာ အခုလို ရေလျှံတာဟာ ပုံမှန် ဖြစ်နေကျ ဆိုပမယ့် ဒီနှစ်မှာတော့ ရေလျှံချိန် နောက်ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Photo : Aung Thu
4 years Ago
Up