ရဲယူနီဖောင်းဖြင့် ကာမရာဂနှိုးဆော် ဆယ်လ်ဖီဓာတ်ပုံတင်သည့် ရဲမေ အလုပ်ထုတ်ခံရ

A d v e r t i s e m e n t With Us

May 12, 2016

ရဲယူနီဖောင်းဖြင့် ကာမရာဂနှိုးဆော် ဆဲလ်ဖီဓာတ်ပုံတင်သည့် ရဲမေ အလုပ်ထုတ်ခံရ

တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်၊ ဒန်ဒေါင်းမြို့မှာ အရန်ရဲတပ်ဖွဲ့မှ ရဲမေအမျိုးသမီးတဦးဟာ ရဲယူနီဖောင်းဝတ်စုံဝတ်ဆင်ပြီး ကာမရာဂနှိုးဆော် ဆဲလ်ဖီဓာတ်ပုံရိုက်ကာ အင်တာ နက်လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ စီစီတီဗွီ သတင်းမှာ ဖ်ာပြပါတယ်။ အဲဒီအမျိုးသမီးရဲမေဟာ အပေါ်က ရဲယူနီဖောင်းကို ၀တ်ဆင်ထားပြီး အောက်က ဘောင်းဘီအတိုအပြတ်ကို ၀တ်ဆင်ကာ ဆဲလ်ဖီဓာတ်ပုံရိုက်ပြီး သူ့ရဲ့ ဝေဘိုလူမှုကွန် ရက်စာမျက်နှာပေါ် တင်ခဲ့တာပါ။ အဲဒီဓာတ်ပုံတွေဟာ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ သူအလုပ်လုပ်ရာ ရဲစခန်းက သူ့ရဲ့ ရဲယူနီဖောင်းကို ပြန်သိမ်းခဲ့ပြီး သူ့ကိုလည်း အလုပ်မှ ထုတ်ပစ်လိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရုတ်အင်တာနက် အသုံးပြုသူထဲမှာ ထောက်ခံအားပေးသူတွေရော ပြစ်တင်ရှုတ်ချသူတွေပါ ရှိခဲ့ပြီး အကြိတ်အနယ်ငြင်းခုံခဲ့ကြတာပါ။ တချို့ကတော့ ရဲတွေရဲ့ ယူနီဖောင်းဟာ နိုင်ငံတနိုင်ငံရဲ့ အမှတ်အသားတခုဖြစ်တာမို့ ခုလိုလုပ်ဆောင်တာမျိုးဟာ မဖြစ်သင့်ပဲ အဆိုပါရဲမေအနေနဲ့ လေးစားလိုက်နာမှု ရှိသင့်တယ်လို့ ဝေဖန်ကြပါတယ်။ တချို့ကတော့ ခုလိုဓာတ်ပုံရိုက်တင်ရုံနဲ့ အလုပ်ထုတ်တယ်ဆိုတာ တရုတ်ရဲတွေအနေနဲ့ ရှေးရိုးစွဲဝါဒီတွေမို့သာ ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်နေကြတာပါ။ တန်ဘာအိုယိုအမည်နဲ့ ဝေဘိုအသုံးပြုသူတဦးက “သူ့အနေနဲ့ ဆယ်လ်ဖီရိုက်တာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ခုလိုအနေအထားနဲ့ ရဲယူနီဖောင်းကိုတော့ မ၀တ်ထားသင့်ပါဘူး။ သူဟာ ကိုယ့်အလုပ်ကို မလေးစားသူအဖြစ် လူတွေက ထင်ကြလိမ့်မယ်။ ဒီပုံတွေဟာ လက်သင့်ခံနိုင်လောက်တဲ့ ပုံတွေမဟုတ်ပါဘူး”လို့ မှတ်ချက်ရေး ခဲ့တာပါ။ ဒေါင်ရှီဇန်ရွှီအမည်နဲ့ အသုံးပြုသူတဦးကတော့ “ခုလိုဓာတ်ပုံတွေဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ထိခိုက်စေပေမယ့် အလုပ်ကထုတ်ရလောက်တဲ့ထိတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အများဆုံး သတိပေးချက်ထုတ်လိုက်လို့ ရနေတာပဲ”လို့ ပြောပါတယ်။  
5 years Ago
Up