ရဲဘော် ပါစ္စကွားလယ်(ခ)ခိုးခို

September 27, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးသွားသည့် ကရင်နီရဲဘော်ကို အလေးပြု သင်္ဂြိုဟ် (ဓာတ်ပုံ)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့က  စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ကရင်နီတပ်က ရဲဘော် ပါစ္စကွားလယ်(ခ)ခိုးခိုရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ တပ်ဖွဲ့ဝင်တွေက သွားရောက် ကောက်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုဟ် ဂုဏ်ပြု အလေးပြုခဲ့ကြပါတယ်။

အလားတူ မနေ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း  ရဲဘော် ဒေါရိုဟာ ကုန်းသာကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး ကျဆုံးသွားတယ်လို့  ဒီးမော့ဆိုဇုန် KNDF က ထုတ်ပြန်ထားပါတယ်။

Photo : PDF-Loikaw , kndfdemoso

1 year Ago
Up