ရဲနှင့် ရပ်ကျေးတာဝန်ရှိသူ

A d v e r t i s e m e n t With Us

October 30, 2020

ကြိုတင်မဲလက်မှတ်များကို ရဲနှင့် ရပ်ကျေးတာဝန်ရှိသူများ ပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်မည် 

အသက် ၆၀ ကျော်အရွယ်တွေနဲ့  နယ်ဝေးရောက်မဲဆန္ဒရှင်တွေ  ကြိုတင်ဆန္ဒမဲပေးထားတဲ့  မဲလက်မှတ်တွေကို လုံခြုံမှုရှိစေဖို့အတွက် ညဘက်မှာ  သန္ဓေရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့   ရပ်ကွက်‌‌ကျေးရွာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က  ထိန်းသိမ်းစောင့်ရှောက်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲတွေကတော့  ရွေးကောက်ပွဲအတွက်သာ လေ့ကျင့်ပေးထားတာဖြစ်လို့ ညအချိန် လုံခြုံရေးအတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ  ကော်မရှင်ကနေ သိရပါတယ်။ မြန်မာနိုင်ငံတဝန်း မြို့တွေနယ်တွေအသီးသီးရှိ မဲရုံတွေမှာ အောက်တိုဘာ ၂၉ ရက်မနက်က စတင်ပြီး အသက် ၆၀ ကျော်အရွယ်တွေ ကြိုတင်မဲ စပေးနေကြသလို နာမကျန်းသူတွေ၊ မသွားလာနိုင်တဲ့ ဘိုးဘွားတွေအတွက်လည်း နေအိမ်တွေမှာ ကြိုတင်မဲတွေ လိုက်လံကောက်ခံ နေပါတယ်။     
3 months Ago
Up