ရဲနဲ့စစ်တပ်

March 13, 2021

မိုးကုတ် ကင်းသမား ၅ ဦးကို ရဲနဲ့စစ်တပ် အကြမ်းဖက်ဖမ်းဆီး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ မတ်လ ၁၂ ရက်နေ့ည ၁၀ နာရီဝန်းကျင်က ရဲနဲ့စစ်သားတွေဟာ အင်အားအလုံးအရင်းနဲ့ ရပ်ကွက်တွေထဲဝင်လာပြီး ကင်းသမားတွေကို လိုက်လံဖမ်းဆီးရာ ငါးဦးဖမ်းဆီးခံရပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်အချို့မှာ သေနတ်ပစ်ဖောက်သံကြားရပြီး ရဲနဲ့စစ်သားတွေဟာ မိုးကုတ်မြို့က လမ်းတွေမှာ ဝင်ရောက်လာတာကြောင့် ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ကင်းသမားတွေကို စစ်တပ်နဲ့ရဲက အိမ်ထဲထိဝင်ဖမ်းကြပြီး ရေနွေးခွက်တွေကို ရိုက်ခွဲကြပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

မိုးကုတ်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မယ်နန်းကြည်တောင်ပေါ်မှာလည်း ည ၇ နာရီဝန်းကျင်ကနေ မီးလောင်နေရာ ည ၁၁ နာရီအထိ လောင်နေဆဲဖြစ်ပြီး တောမီးလို့ယူဆရ ပါတယ်။

2 years Ago
Up