ရဲဓာတ်ပုံဖြန့်ချိမှု

A d v e r t i s e m e n t With Us

November 22, 2020

ရဲဓာတ်ပုံဖြန့်ချိမှု ရာဇဝတ်မှုမြောက်သည်ဆိုသော ဥပဒေကြမ်းကို ပါရီတွင် ဆန္ဒပြ

ရဲအရာရှိတွေရဲ့ ဓာတ်ပုံကို အန္တရာယ်ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ချိမှုအတွက် ရာဇဝတ်မှု လို့ သတ်မှတ်တဲ့ ဥပဒေမူကြမ်းကို ပြင်သစ်မြို့တော် ပါရီမှာ နိုဝင်ဘာ ၂၁ ရက်က လူထောင်ပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။  ရဲအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တာဝန်ချိန်ပြင်ပ အွန်လိုင်းကဖြစ်စေ၊ အပြင်ကဖြစ်စေ အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။  ပြစ်မှုကျူးလွန်သူဟာ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၅ သောင်း ၃ ထောင် ချမှတ်ခံရနိုင်ပါတယ်။  ပါရီမြို့တော်အနောက်ပိုင်းက ထရိုကာဒေရိုရင်ပြင်မှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ သတင်းထောက်တွေ စုရုံးခဲ့ကြပြီး လူတိုင်းက ရဲတွေကို ရုပ်သံ ရိုက်ချင်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။  မာဆေးလိစ်၊ လိုင်လေ၊ မွန့်ထ်ပေလီယာ၊ ရန်းနက်စ်နဲ့ စိန့်အန်းသီယန်းမြို့တွေမှာလည်း အလားတူ ဆန္ဒပြကြဖို့ စီစဉ် ထားပြီးပါပြီ။  အတိုက်အခံတွေကတော့ ဒီဥပဒေဟာ အင်အားအလွန်အကျွံသုံးတဲ့ ကိစ္စလိုမျိုး အလွဲသုံးစား မှုတွေအတွက် ရဲတွေကို တာဝန်ခံခိုင်းရ ပိုခက်သွားပြီ သတင်းထောက်တွေရဲ့ လွတ်လပ်စွာ အစီရင်ခံခွင့်ကိုလည်း ဖောက်ဖျက်လိမ့်မယ်လို့ ပြောပါတယ်။  ဒီဥပဒေမူကြမ်း ကြားနာမှု ပထမပိုင်းကို နိုဝင်ဘာ ၁၉ ရက်က အတည်ပြုခဲ့ပြီး ဒုတိယ အပိုင်းကိုတော့ အင်္ဂါနေ့မှာလုပ်ဖို့ စီစဉ် ထားပါတယ်။  အဲဒီနောက် ဥပဒေဖြစ်မလာခင် နောက်ထပ် စကားရည်လု ငြင်းခုန်ဖို့ အထက်လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။
2 months Ago
Up