အမေရိကန်ပြည်ထောင်စု |
အိန္ဒိယနိုင်ငံ |
ပြည်နယ်တခုသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့်မရှိ |
ပြည်နယ် သို့မဟုတ် ပြည်နယ်များသည် ပုဒ်မ ၃၅၆ အရ ပါလီမန်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်။ နယ်မြေဒေသ တည်တံ့ခိုင်မြဲရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများ၏ အစိတ်အပိုင်း မဟုတ်ချေ။ ၉ ကြိမ်နှင့် ၁၀၀ ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်အရ ဘင်္ဂလားဒေ့ရှ်သို့ နယ်မြေခွဲပေးခဲ့ရသည်။ |
ကွန်ဂရက်နှင့်သက်ဆိုင်ရ ပြည်နယ်၏ သဘောတူညီ ချက် မပါဘဲ ပြည်နယ်ချင်း ပူးပေါင်းခြင်းနှင့် ခွဲစိတ်ခြင်းကို ခွင့်မပြု။ |
အခြေခံဥပဒေက ပြည်နယ်အချင်းချင်း ပူးပေါင်းခြင်းကိုသော် လည်းကောင်း၊ ပြည်နယ်တခုမှ ပြည်နယ်အများ ခွဲစိတ်ခြင်းကို သော် လည်းကောင်း ခွင့်ပြုသည်။ |
ပြည်ထောင်စု၏ဦးသျှာင် (သမ္မတ)ကို နိုင်ငံသားများ က သွယ်ဝိုက်သောနည်းဖြင့် (ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှတဆင့်) ရွေးကောက် တင်မြှောက်သည်။ ဤသည်မှာ သမ္မတ ရွေးချယ်ရေးဆိုင်ရာ ဒီမိုကရေစီ ဖြစ်သည်။ |
ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးသျှောင်(ဝန်ကြီးချုပ်)သည် အောက် လွှတ်တော်တွင် အမတ်အရေအတွက် အများစုဖြင့် အနိုင်ရသော ပါတီ၏ခေါင်းဆောင်ဖြစ်ပြီး ပြည်သူလူထုက တပြည်လုံး အတိုင်းအတာဖြင့် ရွေးကောက် တင်မြှောက်ထားသူ မဟုတ်ဘဲ အောက်လွှတ်တော် မဲဆန္ဒနယ်တခုခုမှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်နိုင်သလို ပြည်နယ်များကောင်စီ အဖွဲ့ဝင် အဖြစ် သွယ်ဝိုက်သောနည်းအားဖြင့် ရွေးကောက်တင်မြှောက်ခံရ သူလည်း ဖြစ်နိုင်သည်။ |
ပြည်နယ်များအတွင်း အလုပ်သမားနှင့် ကုန်စည်များ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသည်။ |
ပုဒ်မ ၃၀၁ နှင့် ၃၀၃ အရ ပြည်နယ်များအတွင်း အလုပ်သမားနှင့် ကုန်စည်များ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိသည်။ ပြည်နယ်များအကြား ရွှေ့ပြောင်းအလုပ်သမားများ အက်ဥပဒေ ၁၉၇၉ အရ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသည်။ |
တခုတည်းသော ငွေကြေးစနစ်၊ တခုတည်းသော နိုင်ငံခြား ရေးမူဝါဒနှင့် ဖက်ဒရယ် အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဘုံလက်နက်ကိုင်တပ်ဖွဲ့များရှိသည်။ |
တခုတည်းသော ငွေကြေးစနစ်၊ တခုတည်းသော နိုင်ငံခြားရေး မူဝါဒနှင့် ဖက်ဒရယ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဘုံလက်နက်ကိုင် တပ်ဖွဲ့ များ ရှိသည်။ |
ပြည်နယ်တိုင်းသည် အခြေခံဥပဒေအရ သတ်မှတ်အခွန် စည်းကြပ်ကောက်ခံခွင့်၊ ချေးငှားခွင့် ရှိသည်။ |
ပြည်နယ်တိုင်းသည် အခြေခံဥပဒေအရ သတ်မှတ်အခွန် စည်းကြပ် ကောက်ခံခွင့်၊ ချေးငှားခွင့် ရှိသည်။ ပြည်ထောင်စု အစိုးရ၏ အခွန် တစိတ်တပိုင်းကို ပြည်နယ်လူထုအကျိုးအတွက် ခွဲဝေပေးသည်။ |
အများအားဖြင့် ပြည်သူလူထုသည် ဘာသာစကားတမျိုး ထည်းကိုသာ ပြောပြီး ဘာသာရေးမဖက်သောအခြေခံဥပဒေအောက်တွင် ဘာသာတမျိုးတည်းသာ ကိုးကွယ်ကြသည်။ |
ဘာသာရေးမဖက်သော အခြေခံဥပဒေအောက်တွင် ဘာသာစကားမျိုးစုံ ပြောသော လူမျိုးပေါင်းစုံက ဘာသာမျိုးစုံ ကိုးကွယ်ကြသည်။ |
အလွန်ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ ဖြစ်သည်။ |
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတပုံ ရှိသည်။ အလွန်ရှည်ကြာသည့် သက်တမ်းရှိသော ဓလေ့ထုံးစံ ကျင့်ဝတ်နှင့် စာနာရိုင်းပင်းမှုတို့အောက်တွင် ဒီမိုကရေစီစနစ်သည် ငြိမ်းချမ်းစွာ ရှင်သန်သည်။ |
အလွန်ကျွမ်းကျင်သော အုပ်ချုပ်ရေးသမားများနှင့် နှစ်မြှုပ် လုပ်ကိုင်သော ဥပဒေပြုသူများ ရှိသည်။ |
အရည်အချင်း နိမ့်ကျပြီး အကျင့်ပျက်သော အုပ်ချုပ်ရေးသမားနှင့် ဥပဒေပြုသူများက တရားစီရင်ရေးကို ၎င်းတို့၏ ထိန်းချုပ်မှုအောက် ဆွဲသွင်းကာ သို့မဟုတ် အတိုက်အခံတို့ အုပ်ချုပ်သောပြည်နယ် အစိုးရများကို အခြေခံဥပဒေနှင့် မညီသောနည်းလမ်းများဖြင့် ဖြုတ်ချရန် အားထုတ်လေ့ရှိသည်။ |
အဆင့်အတန်းမြင့်၍ လျင်မြန်သွက်လက်သော တရားစီရင်ရေးစနစ် ရှိသည်။ |
အဆင့်အတန်းမပြည့်မီ၊ နှေးကွေးသော တရားစီရင်ရေးစနစ် ရှိသည်။ |