ရဲတွေ

March 5, 2020

ချီလီဆန္ဒပြပွဲအတွင်း ရဲနှင့် ကျောင်းသားများ ပဋိပက္ခဖြစ်

ချီလီအစိုးရနဲ့အစိုးရရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲအတွင်း မတ်လ ၄ ရက်က အထက်တန်းကျောင်းသားတွေနဲ့ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။  ဆန္ဒပြပွဲကို ထိန်းချုပ်ရာမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ကျောင်းသားတွေကို ဖမ်းဆီးခဲ့သလို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။  မြေအောက်ရထားခ ဈေးတက်တာကို အကြောင်းပြုပြီး ချီလီမှာ  အောက်တိုဘာလကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။  နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေဟာ ပိုမိုကျယ်ပြန့်လာပြီး  ပိုမိုကောင်းမွန်တဲ့ ပင်စင် ၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို တောင်းဆိုလာခဲ့ပါတယ်။  အခုဆိုရင် ဆန္ဒပြပွဲစီစဉ်သူတွေက အစိုးရအပေါ် ပိုမိုဖိအားပေးတဲ့ ဆန္ဒပြပွဲတွေကို ပြန်အသက်သွင်းလိုကြပါတယ်။   ဒီဇင်ဘာ ၂၃ ရက်မှာ သမ္မတ စဘတ်ရှန်ပင်ညဲရာက ဖွဲ့စည်းပုံဥပဒေသစ် ပြဋ္ဌာန်းဖို့ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။  ဖွဲ့စည်းပုံဥပဒေသစ်ဟာ နိုင်ငံပြန်စည်းလုံးစေမယ့် ခိုင်မာမျှတပြီး တရားဝင်တဲ့ မူဘောင်တခု ကို ပေးအပ်လိမ့်မယ်ဆိုပြိး  သမ္မတ ပင်ညဲရာက အခိုင်အမာကတိပြုထားပါတယ်။ 
1 year Ago
Up