ရဲတပ်သား

October 9, 2021

မန္တလေးတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သား ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ၆၁ လမ်းနဲ့  ၆၂ လမ်းကြား၊ ၃၈ လမ်းနဲ့ ၃၉ လမ်းဝန်းကျင်မှာ အောက်တိုဘာ ၈ ရက် ည ၈ နာရီလောက်အချိန်က ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာမှာ ရဲတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရခဲ့ကာ ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သိရပါတယ်။

“စဖြစ်တာ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ မနေ့ညကတော့ အပြန်အလှန်ပစ်တဲ့ပုံပဲ။ အသံတွေ ကြားရတာ။ ညဆိုတော့ ထွက်လည်းမကြည့်ရဲဘူး”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

သေနတ်ကျည်ဆန် ထိမှန်တဲ့ ရဲဟာ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းက ရဲတပ်သား စစ်ငြိမ်းအေး  ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

2 months Ago

October 2, 2021

ခရမ်းမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံး၊ ရဲတပ်သား ၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ရိုးကြီးကျေးရွာနဲ့ ခင်တန်းရွာအကြားမှာ အောက်တိုဘာ ၁ ရက် ညပိုင်းက သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲတပ်သား ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ခရမ်းမြို့နယ်က  ဒုရဲအုပ်သက်လင်းအောင် နဲ့ ရဲတပ်သားစိုင်းအောင် တို့နှစ်ဦး ဆိုင်ကယ် စီးလာချိန် အမည်မသိအဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒုရဲအုပ် သက်လင်းအောင်က သေနတ်နဲ့ပစ်ခံရလို့ ပွဲချင်းပြီးသေတယ်။ တပ်သား စိုင်းအောင်ကတော့  ဆေးရုံတင်ထားရတယ်၊ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ရိုးကြီးကျေးရွာ နဲ့ ခင်တန်းရွာအကြား ပစ်ခံရတာ။”

ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ပစ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ခရမ်းမြို့နယ် ကျုံတူးကျေးရွာမှာလည်း  စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဟာ နေအိမ်မှာ လမ်းလျှောက်နေစဉ် အမည်မသိအဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

2 months Ago
More News
Up