ရဲတပ်ရင်း ၉

September 8, 2021

လှိုင်သာယာမြို့နယ် ရဲတပ်ရင်း ၉ အနီးဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမကြီး နည်းပညာကျောင်းလမ်းထိပ်ရှိ ရဲတပ်ရင်း ၉ ရှေ့မှာ စက်တင်ဘာ ၈ ရက်နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့​တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဩဂုတ်လတွင်းကလည်း ရဲစခန်းများတည်ရှိရာ နေရာတွေမှာ  ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ဒီ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရဲစခန်းအနီးမှာ ၃ ကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

2 months Ago
Up