.ရဲတပ်ဖွဲ့

January 28, 2021

ရုရှားအတိုက်အခံ နာဗင်ညီအုပ်စုကို ရဲတပ်ဖွဲ့က ရှာဖွေစီးနင်း

ရုရှားရဲတွေဟာ သမ္မတပူတင်ကို  ဝေဖန်သူ အလက်ဇီနာဗင်ညီရဲ့ အုပ်စုကို ဇန်နဝါရီ ၂၇ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး တခြားအိမ်အဆောက်အအုံအတော်များများမှာ ရှာဖွေခဲ့ပါတယ်။

နာဗင်ညီရဲ့ ဇနီးနဲ့ ကိုယ်ရေး ဆရာဝန်တို့ရဲ့ တိုက်ခန်းတွေကိုပါ ရှာခဲ့တာလို့ နာဗင်ညီရဲ့ မဟာမိတ် တယောက်က ပြောပါတယ်။ 

နာဗင်ညီရဲ့ ကိုယ်ရေးဆရာဝန်ကတော့ သူ့အိမ်ကို ရဲတွေ စီးနင်းနေချိန်မှာ စန္ဒယား တီးနေခဲ့လို့ မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

စနေနေ့က နာဗင်ညီကို ထောက်ခံသူတွေ ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့အပြီးသူ့ကို ထောင်ကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ အပြီးမှာ ရဲက ခုလို စီးနင်းခဲ့တာပါ။

 နာဗင်ညီဟာ ခံဝန်ချက်ဆိုင်ရာ ကတိကဝတ်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရလို့ ထောင်ဒဏ် ရက် ၃၀ ကျခံနေရပြီး သူကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။

ဆန္ဒပြပွဲဟာ တရားမဝင်ဘူးလို့ ရဲတွေက ပြောရင်း လူအယောက် ၄၀၀၀ လောက်ကို ဖမ်းထားခဲ့ပါတယ်။ နာဗင်ညီရဲ့ မဟာမိတ်တွေကတော့ တနင်္ဂနွေနေ့မှာ ထပ်ပြီး ချီတက်ဖို့ စီစဉ် ထားကြပါတယ်။

နာဗင်ညီဟာ မနှစ်က နွေရာသီမှာ အဆိပ်ခတ် ခံရပြီးကတည်းက သူ့အိမ်သူ ပြန်မရောက်သေးပါဘူး။ သူဟာ ဂျာမနီမှာ ဆေးကုသခံအပြီး ရုရှားကို ပြန်ရောက်ရောက်ချင်း အဖမ်းခံထားရပါတယ်။

9 months Ago
Up