ရဲတပ်ဖွဲ့အကြီးအကဲ

March 7, 2020

အာဖဂန် ရဲတပ်ဖွဲ့အကြီးအကဲ လွတ်မြောက်ခဲ့သည့် တိုက်ခိုက်မှုတွင် ၂၇ ဦး သေဆုံး

အာဖဂန်နစ္စတန် ထိပ်တန်းရဲတပ်ဖွဲ့အကြီးအကဲ လွတ်မြောက်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၇ ယောက် သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ အာဖဂန်ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဒါဟာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့ရုပ်သိမ်းမယ့် သဘောတူညီချက် ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြစ်ပါတယ်။  တိုက်ခိုက်မှု အပြီးမှာတော့ နေတိုးနဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေ  စုံစမ်းရေးလုပ်နေတာကို မြင်တွေ့ရပါတယ်။  ဒီတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်နဲ့ အာဖဂန်အမျိုးသားညီညွတ်မှုကို ဖြိုခွဲတဲ့ ရာဇဝတ်မှုလို့ သမ္မတ အာရှက်ဖ်-ဂါနီက တွစ်တာမှာ ရေးခဲ့ပါတယ်။  ဟတ်ဇာရာမျိုးနွယ်ခေါင်းဆောင် အဗ္ဗဒူအလီ မက်ဇာရီ သေဆုံးတဲ့ နှစ်ပတ်လည် အခမ်းအနားမှ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ဟတ်ဇာရာမျိုးနွယ်အမျာစုဟာ ရှီးယိုက်မွတ်စလင်တွေ ဖြစ်ပါတယ်။  လူနည်းစု ရှီးယိုက်မွတ်စလင်တွေဟာ ဆွန်နီမွတ်စလင်စစ်သွေးကြွတွေ တိုက်ခိုက်တာကို ခဏခဏကြုံတွေ့ရပါတယ်။  အမေရိကန်ဟာ အာဖဂန်မှာ ကာလရှည် ငြိမ်းချမ်းရေးသဘောတူညီချက် ရစေဖို့ ကြိုးပမ်းတာပါ။ တာလီဘန်တွေနဲ့ ယူထားတဲ့ ၇ ရက်တာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွင်း  အကြမ်းဖက်တာတွေ လျော့နည်းခဲ့ပြီးနောက် တာလီဘန်တွေဟာ အာဖဂန် တပ်ဖွဲ့ဝင်တွေကို ပြန်တိုက်ခိုက်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago

March 6, 2020

အာဖဂန်ထိပ်တန်းရဲတပ်ဖွဲ့အကြီးအကဲ တိုက်ခိုက်ခံရ

အာဖဂန်နစ္စတန် ထိပ်တန်းရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလာ-အဗ္ဗဒူလာ တက်ရောက်တဲ့ အခမ်းအနားကို သေနတ်သမားတွေ တိုက်ခိုက်ခဲ့ပေမယ့် အဗ္ဗဒူလာ လွတ်မြောက်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က မတ်လ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။  တိုက်ခိုက်မှု အတွင်း လူ ၁၈ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပြီး ဒါဟာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့ရုပ်သိမ်းမယ့် သဘောတူညီချက် ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်တာပါ။ မြို့တော်ကဘူးလ်မှာလုပ်တဲ့ အခမ်းအနားအတွင်း  ဒုံးကျည်ဖြစ်ဖွယ်ရှိတဲ့ အရာတခု ကျ ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့အကြိးအကဲ အဗ္ဗဒူလာနဲ့  တခြားနိုင်ငံရေးသမားတချို့ အနာတရမရှိ လွတ်မြောက်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။  သေနတ်ပစ်ခတ်သံတွေကြားမှာ လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုကို တိုလိုသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။  ဟတ်ဇာရာမျိုးနွယ်ခေါင်းဆောင် အဗ္ဗဒူအလီ-မက်ဇာရီ သေဆုံးတဲ့ နှစ်ပတ်လည် အခမ်းအနားမှာ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက ငြင်းဆိုထားပါတယ်။  အာဖဂန်ကနေ  အမေရိကန်တပ်ဖွဲ့ဝင် ရုပ်သိမ်းရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့လတုန်းက အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တာလီဘန်စစ်‌သွေးကြေအဖွဲ့အကြား  လက်မှတ်ရေး ထိုးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up