ရဲတပ်ဖွဲ့ဝင်အချို့ စစ်အာဏာရှင်ဖီဆန်ရေး

March 2, 2021

နေပြည်တော်က ရဲတပ်ဖွဲ့ဝင်အချို့ စစ်အာဏာရှင်ဖီဆန်ရေး လုပ်ဆောင်

နေပြည်တော်က ရဲတပ်ဖွဲ့ဝင်အချို့ စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်နေကြတယ်လို့ သိရပါတယ်။

အမှတ် (၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ နေပြည်တော်က ဒုရဲအုပ် ၁ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၁၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ နေပြည်တော်က ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ဟာ ‌စစ်အာဏာရှင် ဖီဆန်ရေး လုပ်ဆောင်မှုမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက CDM လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင် လက်အောက်မှာတာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခွင့် တင်ပြထားတယ်လို့လည်း သိရပါတယ်။

 ရဲတပ်ဖွဲ့ဝင်တစ်ဦး က "စစ်အာဏာရှင်အောက်မှာ တာဝန်မထမ်းချင်လို့ CDMမှာ ပါဝင်တာ" လို့ ပြောပါတယ်။

2 years Ago
Up