ရဲတပ်ဖွဲ့ပစ်ခတ်မှု

February 9, 2021

ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ် ၁ ဦး ကျည်ဆန်ထိမှန် လဲကျသွားသည့်

နေပြည်တော်၊ သပြေကုန်းအဝိုင်းအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းက  ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူလူထုတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ရာမှာ အနည်းဆုံး လူ ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေအထဲက  ၂ ယောက်ရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့  နေပြည်တော်အခြေစိုက် သတင်းထောက်က ပြောပါတယ်။

Video - Soe Zeya Tun

2 years Ago
Up