ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်

February 9, 2021

ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လူစုခွဲသည့် နေပြည်တော် သပြေကုန်း (ညနေ ၄ နာရီ)

ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့ နေပြည်တော် သပြေကုန်းရဲ့ ညနေ ၄ နာရီ အခြေအနေ မြင်ကွင်းဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းတွေဟာ သပြေကုန်းကနေ ထွက်ခွာပြီး နေပြည်တော်အနှံ့ လှည့်လည်ဆန္ဒပြနေကြပါတယ်။

ဒီနေ့နေ့လယ်ပိုင်း ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် လူမှုအဖွဲ့အစည်းတွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူအဖွဲ့တွေက သပိတ်စစ်ကြောင်းတွေ အနီးမှာ အကူအညီပေးဖို့ ပြင်ဆင်ထားကြပါတယ်။

နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထုကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ   ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့  ကျောင်းသားတွေအပါအဝင် အနည်းဆုံး လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

နေပြည်တော်ရှိ  ဗိုလ်ချုပ်ကြေးရုပ်တုအနီး သပြေကုန်းအဝိုင်းအနီးမှာ  ငြိမ်းချမ်းစွာ  ဆန္ဒပြတဲ့ ပြည်သူတွေကို  ပစ်ခတ်ခဲ့လို့ ၂၁ ယောက် ဒဏ်ရာရပြီး ၂ ယောက်ရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့  နေပြည်တော်အခြေစိုက် သတင်းထောက်က ပြောပါတယ်။

2 years Ago
Up