ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်စီးနင်း

April 7, 2021

မတ္တရာမြို့နယ် လွန်တောင်းရွာကို ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး ရွာသားများအား ဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ လူနေအိမ်ခြေထောင်ချီရှိတဲ့  လွန်တောင်းရွာကို ဧပြီ ၇ ရက်မနက်ပိုင်းက ရဲအင်အား ၁၀၀ ကျော်လောက်က ဝင်ရောက်စီးနင်း အကြမ်းဖက်ဖျက်ဆီး ပစ်ခတ် တပ်စွဲထားကာ ဒေသခံရွာသား  ၁၀ ယောက်လောက်ကို  ဖမ်းဆီးထားပါတယ်။

အဆိုပါရွာကို ရဲတွေဝင်ရောက်လာတာ အခုအကြိမ်ပါနဲ့ဆို ၃ ကြိမ်မြောက်ရှိခဲ့ပြီး ပထမ ဧပြီ ၆ ရက်နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီဝင်တစ်ဦးရဲ့  နေအိမ်ကို ရဲနဲ့ စစ်သား ၁၀ ယောက်လောက်က  လာရောက်ရှာဖွေခဲ့ပေမယ့် မဖမ်းမိခဲ့ပါဘူး။ 

ရဲတွေပြန်သွားပြီးနောက် ရွာသူရွာသားတွေက စစ်အုပ်စုသတင်းပေးဒလန်ရဲ့အိမ်ကို ပြန်ဝိုင်းစဉ် ဒလန် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး လွန်တောင်းကျေးရွာနဲ့ ၃ ရွာလောက်ဝေးတဲ့  ရွာတစ်ရွာသို့ရောက်ရှိသွားပါတယ်။

ဒီနောက်ထွက်ပြေးတိမ်းရှောင်သွားတဲ့ဒလန်ကို တခြားရွာတစ်ရွာက ဖမ်းဆီးပြီး လွန်တောင်းရွာသို့ လာရောက်အပ်နှံကြရာမှာ ဒလန်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။  

ဒလန်သေဆုံးမှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်တွေနဲ့ ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်လောက်က ရွာအတွင်းသို့  ပစ်ခတ်ဝင်ရောက်တပ်စွဲပြီး ဒေသခံရွာသားတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွက ပြောပါတယ်။

အခုအချိန် မတ္တရာမြို့နယ်နဲ့ လွန်တောင်းရွာဒေသဘက်မှာ အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် ဖုန်းအဆက်သွယ်သာရရှိနေပြီး သက်သေဓာတ်ပုံတွေလည်း မရရှိနိုင်ဘဲ ရွာသူရွာသားအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

1 month Ago
Up