ရဲတပ်ကြပ်ကြီး

August 20, 2021

လက်နက်နှင့်အတူ CDM ပြုလုပ်ခဲ့သည့် ရဲတပ်ကြပ်ကြီး၏မိဘ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက အာဏာဖီဆန်ရေး (CDM) ပြုလုပ်သွားတဲ့ ရဲတပ်ကြပ်ကြီး ​မောင်သံ (ခ) ဦး​ဇော်ဝင်းမင်းရဲ့ မိဘတွေကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ သိရပါတယ်။

ရဲတပ်ကြပ်ကြီးဟာ သြဂုတ် ၂၀ ရက် မနက်ပိုင်းက သူကိုင်​​ဆောင်တဲ့ လက်နက်ယူ​ဆောင်ပြီး ပြည်သူ​တွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သွားတာကြောင့် ရွာသာယာ​ကျေးရွာမှာ ​နေထိုင်တဲ့ သူ့မိဘ​တွေကို ရဲ​တွေက လာ​ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "ဒီ​နေ့ ​နေ့လယ် ၁ နာရီ​လောက်က အိမ်စီးကား ၁ စီးနဲ့ ရဲကား ၁ စီး ရွာထဲဝင်လာတာ။ ဘယ်သူ့ဆီလာလို့ ဘာလာလုပ်တာလည်းဆိုတာ အစက ဘယ်သူမှမသိကြဘူး။ ​နောက်မှ ရဲတပ်ကြပ်ကြီးရဲ့ မိဘ ၂ ပါးကို လာဖမ်းတာ သိရသလို အိမ်ထဲက ပစ္စည်း​တွေကိုလည်း ရှာ​ဖွေမှု​ တွေ လုပ်တဲ့အပြင် အိမ်တွင်းပစ္စည်းတချို့လည်း ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။ 

မိဘတွေအပါအဝင် ရွာသားတွေဟာ ရဲတပ်ကြပ်ကြီး ဦး​ဇော်ဝင်းမင်း CDM လုပ်သွားတာ မသိကြဘူးလို့ ဆိုပါတယ်။

“သူ့မိဘ​တွေအပါဝင် ကျ​နော်တို့ရွာက လူ​တွေကလည်း သူ့သား CDM ဝင်သွားတာ မသိကြဘူး။ သူ့ရဲ့ ဖခင် ဦးမြ​လေး နဲ့ မိခင်ဖြစ်သူ ​ဒေါ်​ဌေးရီတို့ကို ဖမ်းဆီးသွားကြတာ။ မိခင်ကြီးက ကျန်းမာ​ရေးမ​ကောင်းဘူး။" 

ရဲတပ်ကြပ်ကြီး ​မောင်သံ(ခ)ဦး​ဇော်ဝင်းမင်းမှာ ဇနီးနဲ့သမီးမိန်းက​လေး ၂ ​ယောက်ရှိပြီး တစ်​ယောက်က နို့စို့အရွယ်​လေးဖြစ်ကာ သူ့မိသားစုက​တော့ ရဲစခန်းထဲမှာပဲ ​နေထိုင်ကြတယ်လို့ သိရပါတယ်။

5 months Ago

March 22, 2021

မိတ္ထီလာတွင် ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် သစ်တောဝန်ထမ်း ၁ ဦးတို့ ပြတ်ရှဒဏ်ရာများဖြင့်သေဆုံး

မန္တလေးတိုင်း မိတ္ထီလာမြို့ရှောင်လမ်း ညောင်မြင့်ရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၀၇/၁ မှာ  မတ်လ ၂၂ ရက် မနက်က ရဲတပ်ကြပ်ကြီးနဲ့ သစ်တောဝန်ထမ်းတို့ ပြတ်ရှဒဏ်ရာတွေနဲ့  သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကားလမ်းအနောက်ဘက်ဘေးမှာ သေနေတာတွေ့ရတာ ကြောက်တော့ သွားမကြည့်ရဲဘူး။ နောက်မှ ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ သစ်တောဝန်ထမ်း တစ်ဦး လို့သိရတယ်။ ရဲတွေနဲ့ ပရဟိတအသင်းက မိတ္ထီလာဆေးရုံကိုသယ်သွားတယ်"လို့ ပြောပါတယ်။

မိတ္ထီလာခရိုင် ရဲမှုခင်းနှိမ်နင်းရေးတပ်ကြပ်ကြီး ဦးအောင်သန်းဆွေနဲ့ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနတောခေါင်းဦးဝဏ္ဏတို့ နှစ်ဦးဟာ ပြတ်ရှဓားဒဏ်ရာတွေနဲ့ မိတ္ထီလာမြို့ရှောင်လမ်း အနောက်ဘက်ဘေးမှာ သေဆုံးနေတာကို မောက်လောက်ရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းကို အကြောင်းကြားပေးခဲ့တာလို့ သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ  အမှုအမှတ်စဉ် (ပ)၅၆/၂၀၂၁ နဲ့ လူသတ်မှု အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

10 months Ago
More News
Up