ရဲတပ်ကြပ်ကြီ

April 1, 2021

စစ်ကိုင်းမြို့က ရဲတပ်ကြပ်ကြီး ၁ ဦး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ လ/၁၇၇၃၆၁ ရဲတပ်ကြပ်ကြီး မျိုးဝင်းဟာ  မတ် ၃၁ ရက်ကစတင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ကြပ်ကြီး မျိုးဝင်းဟာ CDM မှာ ပါဝင်ခဲ့ပြီး မတ်လအတွက် လစာလည်း ထုတ်ယူမသွားပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ၁၉၉၆ ခုနှစ်ကစပြီး ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အခုအခါ ပြည်သူအကြားမှာ ရဲတပ်ဖွဲ့ဝင်အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်ဖို့နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးကာလမှာ ပြည်သူချစ်တဲ့ ရဲတပ်ဖွဲ့ဝင်အဖြစ် ရပ်တည်ဖို့ အာမခံချက် မရှိတော့တာကြောင့် အခုလို CDM မှာ ပူးပေါင်းပါဝင်တာလို့ ရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးဆီ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

3 months Ago

April 5, 2020

အသုတ်စခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်၍ အဆုံးစီရင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။ အသုတ်မြို့မရဲစခန်းက ရဲတပ်သား အောင်မျိုးခန့်ဟာ အလုပ်လုပ်ဖို့အတွက် တပ်ကြပ်ကြီး ဝင်းမင်းထွန်း (အသက် ၄၂ နှစ်)ရဲ့ နေအိမ်လိုင်းခန်းကို သွားရောက်ခေါ်ဆောင်ချိန်မှာ တပ်ကြပ်ကြီး ဝင်းမင်းထွန်း နေအိမ်လိုင်းခန်းအတွင်း မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ပြီး သေဆုံးခဲ့တာပါ။ သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါတယ် လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းရဲ့ အလောင်းကို တာဝန်ရှိသူတွေ စစ်ဆေးချက်အရ ပါးစပ်ကနေ ဝဲဘက်နားအနောက်ဘက်ကို ပေါက်ထွက်ဒဏ်ရာရရှိထားတာတွေ့ပြီး အလောင်းရဲ့ ခြေရင်းဘက် ၁ ပေခန့် အကွာမှာ ခြောက်လုံးပြူးသေနတ်တလက် တွေ့ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်တာလို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားခဲ့ပါတယ်။ အဲဒီဆရာကြီးက ရဲစခန်းလိုင်းခန်းမှာ တယောက်တည်း နေတာ။ မိသားစုက တခြား နေရာမှာ။ သူ အခုလို ကွယ်လွန်သွားတော့ သူ့နာရေးကို အသုတ်မြို့စခန်းကပဲ တာဝန်ယူ လုပ်ပေးထားတယ်ဟု ရေကြည်ဒေသခံတဦးက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းဟာ ယခင်က စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကနေ ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းမှာ အသုတ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူမှုရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတစုံတရာ မရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up