ရဲတပ်ကြပ်

November 19, 2021

ဖားကန့်တွင် ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး တယောက် ကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့  သိရပါတယ်။

မှော်စီစာကျေးရွာနားမှာ ရဲတပ်ကြပ်ကြီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ည ၉ နာရီလောက်မှာ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

" ရဲတပ်ကြပ်ကြီး တဉီးသေတယ်။ ညတွင်းချင်းပဲ စစ်(..) တွေက ခြေရှုပ်တယ် ရွာထဲ ဝင်ရှာတယ်။ ဒါပေမဲ့ လုပ်တဲ့သူတွေက လွတ်သွားတယ်''လို့ ဒေသခံတဉီးက ပြောပါတယ်။

ရဲတပ်ကြပ်ကြီး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်သားတွေ အင်အားအပြည့်နဲ့ရောက်ရှိလာပြီး ရွာထဲမှာဆဲဆို ကြိမ်းမောင်းတာတွေပြုလုပ်ကာ အလောင်းကို ဆေးရုံပို့ခဲ့ကြတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာက ရဲစခန်းမှူးနဲ့ အရာရှိတဦးလည်း အမည်မသိအဖွဲ့ရဲ့ ဖမ်းဆီးခံရပြီး  ခုထိပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုဝင်ဘာလ ဒုတိယပတ်က KIA နဲ့ PDF ပူးပေါင်းပြီး စခန်းသိမ်း တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

2 months Ago

October 3, 2021

ကျိုက်ထိုမြို့နယ်၌ ရဲတပ်ကြပ် ၁ ဦးပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာမှာ  ရဲတပ်ကြပ်တစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့  သေဆုံးသွားပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ ရဲတပ်ကြပ်ဟာကျိုက်ထိုမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ကျော်စိုးမိုးဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်ရှေ့မှာ အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖက္ကလိပ်ကျေးရွာသားတစ်ဦးက “ညနေ ၆ နာရီလောက်က ဆိုင်ကယ်နဲ့ လာပြီးပစ်သွားတာ။ ၆ ချက်တောင် အပစ်ခံရလို့။ သူ့အိမ်ရှေ့မှာ တံမြက်စည်းလှဲနေတုန်း။ ပွဲချင်းပြီး သေတယ်”လို့ ပြောပါတယ်။

ရဲတပ်ကြပ် ကျော်စိုးမိုး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်မှာ အခင်းဖြစ်ပွားရာ နေရာကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ပိတ်ဆို့ ရှာဖွေနေပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအုပ်စုက ရာအိမ်မှူး ချစ်သန်းဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။

4 months Ago
More News
Up