ရဲတပ်ဖွဲ့ဝင် ၂ ဦး ဈာပန

September 4, 2015

တရားခံပြေးလက်ချက်ဖြင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဈာပန (ဓာတ်ပုံ) (၂)

တရားခံပြေးလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ရဲ့ ဈာပနကို သန်လျင်မြို့နယ် အမိုးနီသုသာန်မှာ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – ခိုင်ပန်းနု  
6 years Ago

တရားခံပြေးလက်ချက်ဖြင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဈာပန ယနေ့ကျင်းပမည်

တရားခံပြေးလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ရဲ့ ဈာပနကို သန်လျင်မြို့နယ် အမိုးနီသုသာန်မှာ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဈာပနကို ၁၂ နာရီက စမှာဖြစ်ပြီး ၂ နာရီ သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ ဈာပနမှာတော့ ရဲတပ်ဖွဲ့က အမိန့်စာပြန်မှာလည်း ဖြစ်ပါတယ်။ ကျန်ရစ်တဲ့ မိသားစုတွေကိုတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက သေဆုံးသူတဦးစီအတွက် ကျပ် ၁၀ သိန်း ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးကို သတ်ခဲ့တဲ့ တရားခံပြေး တင်မြင့်ကိုတော့ သာကေတ မြို့မရဲစခန်းမှာ ချုပ်ထားပြီး (ပ)၅၆၃/၂၀၁၅၊ ပုဒ်မ-၃၀၂ နဲ့ သန်လျင်မြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ဟာ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝအလှတည်းခိုခန်းရှိ တရားခံပြေး တင်မြင့်ကို လက်ရဖမ်းဆီးရာမှာ တရားခံပြေးက ဓားနဲ့ ပြန်လည်ထိုးခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ တရားခံပြေး တင်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင် ၁၀ နှစ်ကျခံခဲ့ရပြီးနောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
6 years Ago
Up