ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရ

April 2, 2017

အီဂျစ် ရဲသင်တန်းကျောင်းအနီး ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရ

အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းက ရဲသင်တန်းကျောင်းနားမှာ ဧပြီ ၁ ရက်နေ့က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ရဲအနည်းဆုံး ၁၃ ဦးနဲ့ အရပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ရဲဌာနနာမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်ထဲမှာ ဗုံးကို မြှုပ်ထည့်ထားခဲ့တာပါ။ အခင်းဖြစ်နေရာကို မဝင်နိုင်အောင် ပိတ်တားထားခဲ့ပြီး လုံခြုံရေး တပ်တွေက ပိုက်စိတ်တိုက် ရှာနေတယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပြီး ၂ ဦးက အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ တာဝန်ခံ ကြေညာမှု မရှိသေးပါဘူး။ အီဂျစ် အစိုးရကတော့ ဆိုင်းနိုင်း ကျွန်းဆွယ်က အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို သစ္စာခံတဲ့ စစ်သွေးကြွတွေနဲ့ တခြား အစ္စလာမ္မစ် အုပ်စုတွေ တိုက်ပွဲဝင်နေကြပါတယ်။
4 years Ago
Up