ရဲတပ်ဖွဲ့ပြော

A d v e r t i s e m e n t With Us

August 19, 2017

ဖင်လန် တိုက်ခိုက်မှုအတွင်း လူအတော်များများ ဓားဖြင့်အထိုးခံခဲ့ရဟု ရဲတပ်ဖွဲ့ပြော

ဖင်လန်နိုင်ငံ တာကူမြို့မှာ သြဂုတ် ၁၈ ရက်နေ့ တိုက်ခိုက်မှုအတွင်း လူအတော်များများ ဓားနဲ့ ထိုးတာ ခံခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ နိုင်ငံတလွှား လုံခြုံရေး အားဖြည့်ထားပြီး မြို့ကနေ ဝေးဝေးမှာ နေဖို့လည်း လူတွေကို သတိပေးထားပါတယ်။ “ပစ်ခတ်မှု တခုအပြီးမှာ လူတယောက်ကို ဖမ်းမိတယ်၊ တခြား တိုက်ခိုက်သူ ဖြစ်နိုင်တဲ့ လူတွေကို လိုက်ရှာနေတယ်” လို့ ရဲတွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လူအနည်းဆုံး ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။ ရဲတွေက အဲဒီအချိန်မှာ ထွက်သွားတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေကို လိုက်စစ်နေတယ်လို့ တူရန် စာနိုမတ် သတင်းစာက အစီရင်ခံပါတယ်။ မြို့ရဲ့ အဓိက ရင်ပြင်နားမှာ လူနာတင်ကား လေးငါးစီးကို မြင်တယ်လို့ မျက်မြင်သက်သေ တယောက်ကို ကိုးကားပြီး သတင်းစာက ဖော်ပြပါတယ်။ တာကူမြို့ဖြစ်စဉ်နဲ့ ရဲစစ်ဆင်ရေးတွေကို အစိုးရက နီးနီးကပ်ကပ် အရေးယူ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ် ဂျူဟာ စီပီလာက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။
4 years Ago

April 21, 2017

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူအား သတ်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်းကို သတ်ခဲ့တဲ့ အောင်ကိုကို ဆိုသူအား ဖမ်းမိထားပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လူသတ်မှုဖြစ်ပွားပြီး ၄ ရက်အတွင်း လူသတ်တရားခံကို ဖမ်းမိတာဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုကြောင့် လူသတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုရဲ့ ဖော်ထုတ်ချက်အရ သေဆုံးသူ ဝေယံဟိန်းဟာ သူ့ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုနဲ့  လူမှုရေးဖောက်ပြန်နေကြောင်းသိရတဲ့အတွက် ဧပြီ ၁၁ ရက်မှာ  ဇနီးနဲ့ သားဖြစ်သူတို့အား နေအိမ်အတွင်းထားပြီး အပြင်မှသော့ခတ်ထားခဲ့တယ်။ နေအိမ်ကို သူ ပြန်ရောက်တော့ ဇနီးနှင့် သားဖြစ်သူတို့ကို မတွေလို့ ဝေယံဟိန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတယ်။ ဧပြီ ၁၄ ရက်မှာ ဝေယံဟိန်းက အောင်ကိုကိုဆီဖုန်းဆက်ပြီး ဒဂုံဧရာအဝေးပြေးဝင်းမှာ  အယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူအားတွေ့တယ်လို့ ပြောတယ်။ အကြောင်းစုံသိလိုပါက သူရှိနေတဲ့ သံမဏိနှင်းဆီဂျာနယ်တိုက်ကို လာဖို့ပြောလို့ အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အောင်ကိုကိုက ဂျာနယ်တိုက်ကို သွားခဲ့တယ်။ ဂျာနယ်တိုက်ရောက်တော့ ဝေယံဟိန်းနဲ့ အောင်ကိုကိုတို့ တယောက်တခွန်းစကားများခဲ့ပြီး အောင်ကိုကိုက စားပွဲပေါ်ရှိ ဓားဦးချွန်နဲ့  ဝေယံဟိန်းရဲ့ ၀မ်းဗိုက်အား ၁၄ - ၁၅ ချက်ခန့် ထိုးနှက်ခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ပြစ်မှုကျူးလွန်ရန် မသင်္ကာတဲ့ အကြောင်းများကြောင့် ရဲတပ်ဖွဲ့ဝင်တွေက အောင်ကိုကိုအား စုံစမ်းခဲ့ရာ ဧပြီ ၁၅ ရက်မှာ ပြင်ဦးလွင်မြို့ရှိ အောင်ကိုကိုရဲ့ မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာကို တိမ်းရှောင်ထွက်ပြေးနေကြောင်း စုံစမ်းသိရပြီး သွားရောက်ဖမ်းဆီးခဲ့ရာမှာ အောင်ကိုကိုနဲ့ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုတို့ကို ဧပြီ ၁၉ရက်ညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ လိုပါတယ်။ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး တချို့သတင်းဌာနတွေက မလိုလားအပ်တဲ့ ထင်မြင်ယူဆချက်တွေနဲ့ ရေးသားဖော်ပြနေကြတဲ့အတွက် တိုင်းရဲတပ်ဖွဲ့က လူသတ်မှုသတင်းအမှန်ကို အမြန်ထုတ်ပြန်ပေးလိုက်တယ်လို့လည်း တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up