ရဲတပ်ဖွဲ့အတည်ပြု

April 9, 2017

ဆွီဒင် အကြမ်းဖက်တိုက်ခိုက်မှု ကားထဲမှ သံသယဖြစ်စရာပစ္စည်းတွေ့ကြောင်း ရဲတပ်ဖွဲ့အတည်ပြု

ဧပြီ ၇ ရက်နေ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ကုန်ကားထဲက သံသယဖြစ်စရာပစ္စည်းတခုတွေ့ရှိခဲ့တယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က မနေ့က အတည်ပြုပြောဆိုပါတယ်။ အဲဒီပစ္စည်းဟာ ဖောက်ခွဲရေးပစ္စည်းလားဆိုတာ အတည်မပြုနိုင်သေးပေမယ့် ယာဉ်မောင်းထိုင်ခုံမှာ တွေ့ရှိခဲ့တယ်လို့ ဆွီဒင်ရဲမင်းကြီးကပြောဆိုပါတယ်။ အဲဒီကုန်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့သူလို့ ယုံကြည်ရသူ အသက် ၃၉ နှစ်အရွယ် ဥဇဘတ်ကစ္စတန် နိုင်ငံသားတဦးကို ဖမ်းဆီးထားပြီး သူ့ကို ထောက်လှမ်းရေးတပ်ဖွဲ့က အရင်ကတည်းက သိရှိထားသူလို့လည်း ရဲမင်းကြီးကပြောဆိုပါတယ်။ မြို့လယ်က ကုန်တိုက်တခုထဲကို ကုန်ကားနဲ့ မောင်းဝင်တိုက်ခိုက်မှုအတွင်း ကလေး ၁ ဦးအပါအ၀င် လူ ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဆေးကုသမှု ခံယူနေကြပြီး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ စနေနေ့ကလည်း နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တော်၊ မြို့နယ်တခုမှာ အသေးစားဗုံးလို့ ယုံကြည်ရတဲ့ ပစ္စည်းတခုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး လူတဦးကိုလည်း ထိန်းသိမ်းထားပါတယ်။
4 years Ago
Up