ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်မှာ နိုဝင်ဘာ ၂၀ ရက်က ရဲတပ်ဖွဲ့ဝင်တဦး ဓားနဲ့အထိုးခံခဲ့ရပါတယ်။
ဒါဟာ အစ္စလာမ္မစ် စစ်သွေးကြွ တိုက်ခိုက်မှု ဖြစ်ပုံရတယ်လို့ ဒေသခံ သတင်းစာက ရေးပေမယ့် ရဲတွေကတော့ ဘာကြောင့်လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
မြို့ပြင်က ရဲစခန်းထဲမှာ မနက် ငါးနာရီခွဲလောက်က တိုက်ခိုက်ခံခဲ့ရတာလို့ ရဲပြောခွင့်ရက ဆိုပါတယ်။
တခြား ရဲအရာရှိတဦးက တိုက်ခိုက်သူကို တုံ့ပြန်ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။
ရဲကိုရော တိုက်ခိုက်သူကိုပါ ဆေးရုံတင်ပို့ထားပြီး ၂ ဦးစလုံး အသက်ဘေးအန္တရာယ် မရှိဘူးလို့လည်း သူက ဆိုပါတယ်။
တိုက်ခိုက်သူဟာ အလာဟူ အက္ကဘာလို့ အော်ခဲ့ကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘယ်လ်ဂျီယံသတင်းစာ DH က ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက ဘယ်လ်ဂျီယံကို ၂ ရက်ကြာ အလည်အပတ်ရောက်နေချိန်မှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
ဘယ်လ်ဂျီယံနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့ ရုံးစိုက်ရာနိုင်ငံ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းကလည်း ဘရပ်ဆဲလ်လေဆိပ်မှာ အသေခံဗုံးခွဲမှုကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ဖူးပါတယ်။
ဒါကြောင့် အဆင့်လေးဆင့် သတ်မှတ်ချက်အတွင်း နိုင်ငံတော် ခြိမ်းခြောက်မှု အဆင့် ၃ ကို ချမှတ်ထားပြီး ဇန်နဝါရီလမှာတော့ အဆင့် ၂ ထိ ပြန်လျှော့ချထားပါတယ်။
4 years Ago