ရဲတပ်ဖွဲ့ထုတ်ပြန်

A d v e r t i s e m e n t With Us

April 5, 2017

မတ်လတွင်း လောင်းကစားမှု ၂၆၈ မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

  နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လအတွင်း  လောင်းကစားမှု ၂၆၈ မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့် တရက်ကို လောင်းကစားမှု ၈ မှုဖြစ်ပွားနေတာပါ။ ဒီလောင်းကစားမှုတွေထဲမှာ ရန်ကုန်က ၉၄ မှုနဲ့ အများဆုံးဖြစ်ပွားပြီး ပဲခူးတိုင်းက ၄၈ မှုနဲ့ ဒုတိယအများဆုံးဖြစ်ပွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလောင်းကစားမှုတွေကနေ လက်ကိုင်ဖုန်း ၁၀၁လုံး၊ ဆိုင်ကယ် ၅၅ စီး၊ ဂိမ်းစက် ၃ လုံး၊ ထိုင်းဘတ်ငွေ ၄၄၂၀ အပြင်၊ လောင်းကြေးငွေ ကျပ်သိန်း ၂၆၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago

September 17, 2016

သြစတြေးလျရေကြီးမှုအတွင်း ပျောက်ဆုံးသူအလောင်း ရှာဖွေတွေ့ရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

သြစတြေးလျနိုင်ငံတောင်ပိုင်း၊ ၀ိတိုရိယပြည်နယ်နဲ့ တောင်သြစတြေးလျပြည်နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ပျောက်ဆုံးနေသူတဦးရဲ့အလောင်းကို သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ သေဆုံးသူဟာ အသက် ၈၄ နှစ်အရွယ် လယ်သမားတဦးဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ကား ရေထဲပါသွားခဲ့တာပါ။ သြစတြေးလျပြည်နယ် အနောက်ပိုင်းမှာလည်း လူနေအိမ် အများအပြားနစ်မြုပ်နေပြီး ကားလမ်းတွေလည်း ပိတ်ခဲ့ရပါတယ်။ လာမယ့်တပတ်မှာလည်း ရာသီဥတုအခြေအနေ ဆက်လက်ဆိုးရွားနေဦးမယ်လို့ သြစတြေးလျ မိုးလေ၀သဌာနတွေက သတိပေးထားပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ နိုင်ငံတောင်ပိုင်းကို ဆက်လက်ရွေ့လျားသွားတဲ့အတွက် သြစတြေးလျအရှေ့တောင်ပိုင်းက တက်စ်မေးနီးယားကျွန်းမှာလည်း မိုးလေ၀သ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
4 years Ago
Up