ရဲစစ်ဆေးရေးဂိတ်

August 28, 2019

ဂါဇာကမ်းမြောင်ရှိ ရဲစစ်ဆေးရေးဂိတ် ၂ ခု ဖောက်ခွဲခံရ၊ အရာရှိ ၂ ဦးသေ 

ဂါဇာကမ်းမြောင်ဒေသက  ရဲစစ်ဆေးရေးဂိတ် ၂ ခုကို သြဂုတ် ၂၇ ရက်က ဖောက်ခွဲခံရလို့ အရာရှိ ၂ ယောက် သေဆုံးပြီး တခြားပါလက်စတိုင်း အတော်များများ ဒဏ်ရာရတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ပါလက်စတိုင်းတွေ နေထိုင်ရာ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေတဲ့ ဟားမတ်စ် အစ္စလာမစ်တွေနဲ့ အစ္စရေးတို့ နယ်စပ်ဖြတ်ကျော် ထိပ်တိုက်တွေ့တာတွေ တအုံနွေးနွေး ဖြစ်နေချိန်မှာ ခုလို ပေါက်ကွဲခဲ့တာပါ။ ဆိုင်ကယ်တစီးက လူ ၂ ယောက်ကို တင်ပြီး ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်သွားချိန်မှာ ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ရဲ ၂  ယောက် သေပြီး ပါလက်စတိုင်း တယောက် ဒဏ်ရာရသွားပေမယ့် သေဆုံး ဒဏ်ရာရသူတွေထဲမှာ ဆိုင်ကယ်စီးလာသူတွေ ပါ၊ မပါတော့ မသိရပါဘူး။ အဲဒီနောက် အချိန်တနာရီမပြည့်ခင်မှာတင် ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် မြို့ထဲက ရဲစစ်ဆေးရေးဂိတ်မှာ လူအတော်များများ ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒုတိယပေါက်ကွဲမှု အပြီးမှာတော့ ဂါဇာမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။  နောက်ထပ် အကြမ်းဖက်မှုတွေအတွက် လုံခြုံရေးတပ်တွေကို တပ်လှန့်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အရေးပေါ် အခြေအနေလည်း ကြေညာထားပြီး ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ပြောပါတယ်။ ဂါဇာကို ၂၀၀၇ ပြည်တွင်းစစ်အတွင်း သိမ်းပိုက်ခဲ့တဲ့ ဟားမတ်စ်တွေဟာ အယ်လ်ကေဒါတွေ ဒါမှမဟုတ် အိုင်အက်စ် စစ်သွေးကြွတွေနဲ့ မဟာမိတ်ပြုထားတဲ့ အစ္စလာမစ် စစ်သွေးကြွအဖွဲ့တွေ ပိုများလာနေပါတယ်။ ဓာတ်ပုံ- ရိုက်တာ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂါဇာကမ္းေျမာင္ရွိ ရဲစစ္ေဆးေရးဂိတ္ ၂ ခု ေဖာက္ခြဲခံရ၊ အရာရွိ ၂ ဦးေသ  ဂါဇာကမ္းေျမာင္ေဒသက  ရဲစစ္ေဆးေရးဂိတ္ ၂ ခုကို ၾသဂုတ္ ၂၇ ရက္က ေဖာက္ခြဲခံရလို႔ အရာရွိ ၂ ေယာက္ ေသဆုံးၿပီး တျခားပါလက္စတိုင္း အေတာ္မ်ားမ်ား ဒဏ္ရာရတယ္လို႔  ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ပါလက္စတိုင္းေတြ ေနထိုင္ရာ ဂါဇာကမ္းေျမာင္ကို အုပ္ခ်ဳပ္ေနတဲ့ ဟားမတ္စ္ အစၥလာမစ္ေတြနဲ႔ အစၥေရးတို႔ နယ္စပ္ျဖတ္ေက်ာ္ ထိပ္တိုက္ေတြ႕တာေတြ တအုံေႏြးေႏြး ျဖစ္ေနခ်ိန္မွာ ခုလို ေပါက္ကြဲခဲ့တာပါ။ ဆိုင္ကယ္တစီးက လူ ၂ ေယာက္ကို တင္ၿပီး ရဲစစ္ေဆးေရးဂိတ္ကို ျဖတ္သြားခ်ိန္မွာ ပထမအႀကိမ္ ေပါက္ကြဲမႈ ျဖစ္ခဲ့တာလို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ ရဲ ၂  ေယာက္ ေသၿပီး ပါလက္စတိုင္း တေယာက္ ဒဏ္ရာရသြားေပမယ့္ ေသဆုံး ဒဏ္ရာရသူေတြထဲမွာ ဆိုင္ကယ္စီးလာသူေတြ ပါ၊ မပါေတာ့ မသိရပါဘူး။ အဲဒီေနာက္ အခ်ိန္တနာရီမျပည့္ခင္မွာတင္ ဒုတိယအႀကိမ္ ေပါက္ကြဲမႈေၾကာင့္ ၿမိဳ႕ထဲက ရဲစစ္ေဆးေရးဂိတ္မွာ လူအေတာ္မ်ားမ်ား ဒဏ္ရာရတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒုတိယေပါက္ကြဲမႈ အၿပီးမွာေတာ့ ဂါဇာမွာ အေရးေပၚ အေျခအေန ေၾကညာခဲ့ပါတယ္။  ေနာက္ထပ္ အၾကမ္းဖက္မႈေတြအတြက္ လုံၿခဳံေရးတပ္ေတြကို တပ္လွန႔္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အေရးေပၚ အေျခအေနလည္း ေၾကညာထားၿပီး ဒီျဖစ္ရပ္မွာ ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ အစၥေရးစစ္တပ္ ေျပာခြင့္ရက ေျပာပါတယ္။ ဂါဇာကို ၂၀၀၇ ျပည္တြင္းစစ္အတြင္း သိမ္းပိုက္ခဲ့တဲ့ ဟားမတ္စ္ေတြဟာ အယ္လ္ေကဒါေတြ ဒါမွမဟုတ္ အိုင္အက္စ္ စစ္ေသြးႂကြေတြနဲ႔ မဟာမိတ္ျပဳထားတဲ့ အစၥလာမစ္ စစ္ေသြးႂကြအဖြဲ႕ေတြ ပိုမ်ားလာေနပါတယ္။ ဓာတ္ပုံ- ႐ိုက္တာ
2 years Ago
Up