ရဲစခန်းထောက်ခံစာအတု

September 28, 2019

လေဘာကတ်အတု၊ နိုင်ငံသားကတ်အတုနှင့် ရဲစခန်းထောက်ခံစာအတုများ သိမ်းဆည်းမိ

လေဘာကတ်အတု၊ နိုင်ငံသားကတ်အတုနှင့် ရဲစခန်းထောက်ခံစာအတုများ သိမ်းဆည်းမိ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ လေဘာကတ်အတု၊ နိုင်ငံသားစိစစ်ရေးကတ်အတုနဲ့ ရဲစခန်းထောက်ခံစာ အတုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လှိုင်သာယာမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်ရှိ မကွေးလမ်းပေါ်မှ  ဂျင်မီအောင်(ခ)ကုလားကြီး(ခ)အာကာ မောင်းနှင်တဲ့ CC/×××× Station Wagon ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ပိုက်ဆံအိတ်အတွင်းက လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးတံဆိပ်ပါ လေဘာကတ်အတု ၃၀ ခု၊ နိုင်ငံသားစိစစ်ရေးကတ် အတု ၈ ခု၊ လှိုင်သာယာမြို့မရဲစခန်း တံဆိပ်ပါ ထောက်ခံစာအတု ၃၀ ရွက်တို့အား သိမ်းဆည်းရမိခဲ့တာပါ။ ဒါ့အပြင် နေအိမ်မှာလည်း နိုင်ငံသားစိစစ်ရေးကတ် အတု ၄ ခုအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဂျင်မီအောင်(ခ)ကုလားကြီး (ခ)အာကာ(ဖမ်းမိ)ကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု၊ စာတမ်း အမှတ်အသား အတုပြုလုပ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ေလဘာကတ္အတု၊ ႏိုင္ငံသားကတ္အတုႏွင့္ ရဲစခန္းေထာက္ခံစာအတုမ်ား သိမ္းဆည္းမိ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္မွာ ေလဘာကတ္အတု၊ ႏိုင္ငံသားစိစစ္ေရးကတ္အတုနဲ႔ ရဲစခန္းေထာက္ခံစာ အတုေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။ စက္တင္ဘာလ ၂၇ ရက္ေန႔ ညေန ၃ နာရီခြဲေလာက္က လႈိင္သာယာၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ လႈိင္သာယာၿမိဳ႕နယ္၊ (၈) ရပ္ကြက္ရွိ မေကြးလမ္းေပၚမွ  ဂ်င္မီေအာင္(ခ)ကုလားႀကီး(ခ)အာကာ ေမာင္းႏွင္တဲ့ CC/×××× Station Wagon ယာဥ္ကို သတင္းအရ ရပ္တန႔္စစ္ေဆးရွာေဖြရာမွာ ဖမ္းဆီးမိခဲ့တာလို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။ ပိုက္ဆံအိတ္အတြင္းက လႈိင္သာယာၿမိဳ႕နယ္၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန ႐ုံးတံဆိပ္ပါ ေလဘာကတ္အတု ၃၀ ခု၊ ႏိုင္ငံသားစိစစ္ေရးကတ္ အတု ၈ ခု၊ လႈိင္သာယာၿမိဳ႕မရဲစခန္း တံဆိပ္ပါ ေထာက္ခံစာအတု ၃၀ ႐ြက္တို႔အား သိမ္းဆည္းရမိခဲ့တာပါ။ ဒါ့အျပင္ ေနအိမ္မွာလည္း ႏိုင္ငံသားစိစစ္ေရးကတ္ အတု ၄ ခုအား ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး ဂ်င္မီေအာင္(ခ)ကုလားႀကီး (ခ)အာကာ(ဖမ္းမိ)ကို လႈိင္သာယာၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ (လိမ္လည္မႈ၊ စာတမ္း အမွတ္အသား အတုျပဳလုပ္မႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။
2 years Ago
Up