ရဲစခန်းကို

October 3, 2019

ဟောင်ကောင်တွင် ဆန္ဒပြသူများက ရဲစခန်းကို ဓာတ်ဆီဗုံများဖြင့် ပစ်ပေါက်

ဟောင်ကောင်ဆယ်ကျော်သက်တဦးကို သေနတ်နဲ့ ပစ်တဲ့အပေါ်မှာ ဒေါသဖြစ်ပြီး အောက်တိုဘာ ၂ ရက်က   ဆန္ဒပြသူတွေဟာ ရဲစခန်းကို ဓာတ်ဆီဗုံးတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။  ဆန္ဒပြသူတွေဟာ New Territories ရဲဌာနချုပ်အပြင်ဘက်မှာ မီးတွေရှို့ခဲ့သလို ရဲတပ်ဖွဲ့ကလည်း  မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ပါတယ်။   တရုတ်သမ္မတနိုင်ငံ တည်ထောင်ခြင်း  အနှစ် ၇၀ ပြည်တဲ့ အောက်တိုဘာ ၁ ရက်က ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ၁၈ နှစ်အရွယ် ကျောင်းသားတယောက် ရင်ဘတ်ကို သေနတ်မှန်ခဲ့ပါတယ်။  နောက်ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ် ကျည်အစစ်နဲ့ ပစ်တာလည်း ဖြစ်ပါတယ်။   ဟောင်ကောင် ရဲတပ်ဖွဲ့ကတော့ ရဲဝန်ထမ်းဟာ အသက်အန္တရယ်  ခြိမ်းခြောက်ခံရတာကြောင့် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ခုခံပစ်ခဲ့တာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။  သေနတ်မှန်ခဲ့တဲ့ ကျောင်းသားအခြေအနေဟာ စိုးရိမ်ဖွယ်မရှိဘူးလို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up