ရဲစခန်

A d v e r t i s e m e n t With Us

May 30, 2020

အမေရိကန်တွင် လူမည်း ၁ ဦး သေဆုံးမှုကြောင့် ဆန္ဒပြသူများ ရဲစခန်းကို မီးရှို့

အမေရိကန်နိုင်ငံ မီနီယာပိုလစ်မြို့မှာ ရဲဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသားတယောက် သေဆုံးတာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေက မေလ ၂၈ ရက်မှာ ရဲစခန်းတခုကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။  မူလတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ ၃ ရက်မြောက်နေ့မှာတော့ မီးရှို့တာ၊ လုယက်တာနဲ့  ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးတာတွေ လုပ်လာခဲ့ပါတယ်။   မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးက တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအစောင့်တပ်ကို ပြင်ဆင်ဖို့  ညွှန်ကြားထားပေမယ့် မငြိမ်သက်မှုက အတားအဆီးမဲ့ ဖြစ်နေပါတယ်။  ဒီဆန္ဒပြပွဲမှာ လူ ၇ ယောက် သေနတ်ပစ်ခံရပြီး တယောက်ထက်မနည်း အခြေအနေ စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က မေ ၂၉ ရက်မှာ ပြောပါတယ်။ လူမည်းအမျိုးသား သေဆုံးတာနဲ့ပတ်သက်ပြီး မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြပွဲတွေ မြင့်တက်နေချိန် လူဝီဗေးလ်မြို့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။   အလားတူ ကင်တပ်ကီပြည်နယ် လူဝီဗေးလ်မြို့မှာလည်း မတ်လတုန်းက နေအိမ် တိုက်ခန်းအတွင်း လူမည်းအမျိုးသမီးတယောက် ပစ်သတ်ခံရတာကို မကျေနပ်တဲ့ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ပါတယ်။  
9 months Ago
Up