ရဲကစုံစမ်း (ရုပ်သံ)

August 5, 2017

မင်္ဂလာစုံတွဲ ဟယ်လီကော်ပတာဖြင့် ကားများပေါ်မှ အနိမ့်စီးပျံသန်းမှု ရဲကစုံစမ်း (ရုပ်သံ)

ကားရှုပ်ထွေးနေသည့် လမ်းမထက် ဟယ်လီကော်ပတာကို အန္တရာယ်ကြီးစွာ အနိမ့်ဆင်း ပျံသန်းပြတဲု့ မင်္ဂလာစုံတွဲရဲ့ စိတ်ကူးယာဉ်ဆန်ဆန် ဟယ်လီကော်ပတာ စီးနင်းမှုကို မင်္ဂလာဆောင်လာ ဧည့်သည်တွေက ရုပ်သံရိုက်ကူးပြီးတဲ့နောက် ရဲတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကာဇက်စတန်နိုင်ငံတောင်ပိုင်း ရှင်မ်ကန့်မြို့ ကားတန်းပေါ်ရဲ့ ပေအနည်းငယ်အကွာကနေ ဟယ်လီကော်ပတာကြီးကို ရှပ်တိုက်ပျံသန်းခဲ့တာကို ကားဒက်ရှ်ဘ်ကင်မရာကကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ မြင်ရပါတယ်။ ဟယ်လီကော်ပတာက အရှိန်လျှော့ပြီး ပျံသန်းနေချိန်မှာ လမ်းပေါ်က ကားတွေ ဖြေးဖြေးချင်းမောင်းနှင်နေရတာကိုလည်း ရုပ်သံထဲမှာ တွေ့ရပါတယ်။ အန္တရာယ်များတဲ့ ပျံသန်းမှုအတွက် လေယာဉ်မောင်းသူကို ဝေဖန်မှုမြင့်တက်နေပြီး ရုပ်သံကို လူမှုကွန်ရက်ပေါ် တင်ပြီးတဲ့နောက် ရဲတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။ ရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေမှုများပြီး ကြည့်ရှုသူတော်တော်များများကလည်း ဒီအဖြစ်ကို ဝေဖန်နေကြပါတယ်။ မှတ်ချက်ရေးသူ အဒိုင်လ်ရက်စ်က “ဟယ်လီကော်ပတာတွေကို ဒီလို နှိမ့်နှိမ့် ပျံသန်းခွင့်ပြုမယ်လို့ ကျနော် သိပ်မထင်ပါဘူး ဒီလိုပျံသန်းတာကတော့ အန္တရာယ်ရှိတယ်” လို့ ပြောပါတယ်။ အမည်မဖော်ပြထားတဲ့ မင်္ဂလာစုံတွဲအသစ်စက်စက်က ဒေသခံဟယ်လီကော်ပတာ ကုမ္ပဏီကို နာရီဝက် ယာဉ်စီးခအတွက် ပေါင် ၆၃၀ နဲ့ ညီမျှတဲ့ ကာဇက်စတန် ပေးရကြောင်း သတင်းတွေက ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူကလည်း မင်္ဂလာစုံတွဲအတွက် လေယာဉ်မောင်းသူက မြေပြင်ကနေ ၃၂ ပေအကွာ ကပ်ပျံသန်းခဲ့ပြီး ထွက်ပေါ်လာတဲ့ ရုပ်သံကြောင့် ကုမ္ပဏီရဲ့ နာမည်ပျက်မှာ စိုးရိမ်နေတယ်လို့ ပြောလိုက်ပါတယ်။ “ဒီမင်္ဂလာပွဲက ကျနော်တို့ရဲ့ ဦးဆုံး သုံးစွဲသူပါ။ ဟယ်လီကော်ပတာပေါ်မှာ မင်္ဂလာစုံတွဲရယ်၊ သူတို့ရဲ့ ဧည့်သည် ၂ ဦးပါတယ်” လို့ ကုမ္ပဏီဒါရိုက်တာက ပြောပါတယ်။ ဒီအဖြစ်နဲ့ပတ်သက်ပြီး တစုံတဦးကို ဖမ်းဆီးမှု ရှိ မရှိဆိုတာ မသိရဘူးလို့ မေရာသတင်းမှာ သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up