ရဲကင်းစခန်း

April 17, 2021

ရေစကြိုမြို့အဝင် ရဲကင်းစခန်း မီးလောင်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့အဝင်မှာရှိတဲ့ ရဲကင်းစခန်းတစ်ခု ဧပြီလ ၁၆ ရက်နေ့ ည ၉ နာရီလောက်က မီးလောင်ကျွမ်းခဲ့တယ်လို့ ရေစကြိုမြို့ခံတွေက ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ ဘေးပတ်ဝန်ကျင်အိမ်တွေကိုတော့ ကူးစက်မှုမရှိဘူးလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာကိုတော့ မီးသတ်ကားတွေ၊ ရေသယ်ယဥ်တွေနဲ့ လာရောက်ငြိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

3 weeks Ago
Up