ရေးမြို့နယ်‌ နေအိမ်တလုံး၌ အမျိုးသား ၁ ဦးအား ပြောက်ကျားဝတ် ၂ ဦးက သေနတ်ဖြင့်ပစ်သတ်

A d v e r t i s e m e n t With Us

January 10, 2020

ရေးမြို့နယ်‌ နေအိမ်တလုံး၌ အမျိုးသား ၁ ဦးအား ပြောက်ကျားဝတ် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ရွာက နေအိမ်တလုံးမှာ အမျိုးသားတဦး ပြောက်ကျားဝတ်နှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။  ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ အဲဒီရွာက အိမ်အမှတ် ၉၀ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးဇော်မင်းဟာ နေအိမ်မှာရှိချိန် ဆိုင်ကယ်နဲ့ရောက်လာသူ ပြောက်ကျားဝတ်အမျိုးသား ၂ ဦးအနက် တဦးက အနီးကပ် သုံးချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ ဦးဇော်မင်းဟာ ဘယ်ဘက်ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ (၁)ချက်၊ ညာဒူးပေါက်ထွက်ဒဏ်ရာ (၁)ချက်နဲ့ ဘယ်ခြေမျက်စိအပေါ်ပေါက်ထွက်ဒဏ်ရာ (၁)ချက်တို့ရ ရှိခဲ့ ပြီး ရေးမြို့ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်တက်ရောက်ကုသနေတယ်လို့ ရေးမြို့မ ရဲ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးအောင်ခိုင်က “ရေးမြို့နဲ့ ၁ မိုင်ကျော်လောက်အကွာအ ဝေးလေးမှာ ခုလိုသေနတ်နဲ့ ဝတ်စုံနဲ့ လာရောက်ပစ်ခတ်တာက တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာပါပဲ။ တာဝန်ရှိသူတွေ သေချာကြပ်မတ်ဆောင်ရွက်ဖို့ သတိပေးလိုက်သလိုပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့က တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးနေပါတယ်။ ဝင်းနိုင်သက်
1 year Ago
Up