ရေးမြို့နယ်ဘောလုံးအသင်း

A d v e r t i s e m e n t With Us

December 16, 2019

မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဗိုလ်စွဲသွားသည့် ရေးမြို့နယ်ဘောလုံးအသင်းကို လူထောင်ချီ ကြိုဆို

မွန်ပြည်နယ် အစိုးရဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲမှာ ဆုဖလားဆွတ်ခူးရရှိသွားတဲ့  ရေးမြို့နယ် ဘောလုံးအသင်းကို ထောင်နဲ့ချီတဲ့ ရေးမြို့ ဒေသခံတွေက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ ကြိုဆိုဂုဏ်ပြုကြပါတယ်။ ရေးမြို့နယ်ကိုယ်စားပြု အသက် ၂၁ နှစ်အောက် လူငယ်အမျိုးသားဘောလုံးအသင်းဟာ  ကျိုက်မရောမြို့မှာ ကျင်းပတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဗိုလ်လုပွဲမှာ ပေါင်မြို့နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားတာပါ။ ရေးမြို့နယ် ဘောလုံးအသင်းဟာ မနှစ်ကလည်း ဆုဖလားရရှိခဲ့ဖူးပြီး  ၂ နှစ်ဆက်တိုက် ဝန်ကြီးချုပ်ဒိုင်းဖလားကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နေမျိုးထွဋ် (ရေး)
1 year Ago
Up