ရေးမြို့နယ်တွင် လေပြင်းကြောင့် သစ်ပင်ပိမိ၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

September 3, 2019

ရေးမြို့နယ်တွင် လေပြင်းတိုက်သဖြင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ မနေ့ညက လေပြင်းတိုက်ခတ်လို့  လူနေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့နယ်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။ ရေးမြို့၊ လမိုင်းမြို့မ ၃ ရပ်ကွက်၊ လမိုင်းမြို့မ ၁ ရပ်ကွက်နဲ့  မော့ကနင်ကျေးရွာတွေမှာ လေပြင်းတိုက်သွားတာဖြစ်ပြီး လေဘေးသင့်ခံရတဲ့ လူနေအိမ် ၅၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ သာသနိက အဆောက်အအုံ ၁ ခုနဲ့ ရဲစခန်းတန်းလျားတွေ လေဘေးသင့်ခံခဲ့ရတာပါ။ လေပြင်းတိုက်ခိုက်ခံရစဉ် လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတော့ မရှိပေမယ့် စုစုပေါင်း ဆုံးရှုံးမှုက ကျပ်သိန်း ၈၀ ကျော်ဝန်းကျင်လောက်ရှိတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီက ဆိုပါတယ်။ အိမ်ထောင်စုပေါင်း ၅၉ စု၊ လူဦးရေပေါင်း ၃၀၃ဦးလေဘေးသင့်ခံရပြီး  လိုအပ်တဲ့အကူညီတွေကို ပေးအပ်သွားမယ်လို့ မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီက ပြောပါတယ်။ သတင်း- နေမျိုးထွဋ် 
ေရးၿမိဳ႕နယ္တြင္ ေလျပင္းတိုက္သျဖင့္ လူေနအိမ္ႏွင့္ အေဆာက္အဦအခ်ိဳ႕ ပ်က္စီး DVB မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲမွာ မေန႔ညက ေလျပင္းတိုက္ခတ္လို႔ လူေနအိမ္နဲ႔ အေဆာက္အအုံတခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ၿမိဳ႕နယ္သဘာ၀ေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး ေကာ္မတီက ေျပာပါတယ္။ ေရးၿမိဳ႕၊ လမိုင္းၿမိဳ႕မ ၃ ရပ္ကြက္၊ လမိုင္းၿမိဳ႕မ ၁ ရပ္ကြက္နဲ႔ ေမာ့ကနင္ေက်း႐ြာေတြမွာ ေလျပင္းတိုက္သြားတာျဖစ္ၿပီး ေလေဘးသင့္ခံရတဲ့ လူေနအိမ္ ၅၃ လုံး၊ စာသင္ေက်ာင္း ၁ ေက်ာင္း၊ သာသနိက အေဆာက္အအုံ ၁ ခုနဲ႔ ရဲစခန္းတန္းလ်ားေတြ ေလေဘးသင့္ခံခဲ့ရတာပါ။ ေလျပင္းတိုက္ခိုက္ခံရစဥ္ လူနဲ႔ တိရိစာၦန္ေတြ ထိခိုက္ေသဆုံးမႈေတာ့ မရွိေပမယ့္ စုစုေပါင္း ဆုံးရႈံးမႈက က်ပ္သိန္း ၈၀ ေက်ာ္ဝန္းက်င္ေလာက္ရွိတယ္လို႔ ၿမိဳ႕နယ္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးေကာ္မတီက ဆိုပါတယ္။ အိမ္ေထာင္စုေပါင္း ၅၉ စု၊ လူဦးေရေပါင္း ၃၀၃ဦးေလေဘးသင့္ခံရၿပီး လိုအပ္တဲ့အကူညီေတြကို ေပးအပ္သြားမယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး အႏၲရာယ္ စီမံခန႔္ခြဲေရးေကာ္မတီက ေျပာပါတယ္။ သတင္း- ေနမ်ိဳးထြဋ္
2 years Ago

August 5, 2019

ရေးမြို့နယ်တွင် လေပြင်းကြောင့် သစ်ပင်ပိမိ၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သြဂုတ် ၄ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။ လေပြင်းကြောင့် ဟံဂံ၊ ကုလားကုတ်၊ ကျောင်းမိချောင်းတောင်၊ ဇီးဖြူသောင်၊ ကျောင်းရွာ ကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအပါဝင် ရွာပေါင်း ၅ ရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး သစ်ပင်တွေလည်း ပြိုလဲခဲ့တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။ သစ်ပင်ပြိုလဲပိမိတာကြောင့် ကျောက်မိချောင်းတောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး  သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။ ပင်လယ်ကမ်းစပ်က နေအိမ်ပေါင်း ၃၈ လုံးလောက်လည်း လေပြင်းဒဏ်ခံခဲ့ရပါတယ်။ နေအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၆၀ နီးပါးလောက်ရှိပါတယ်။  အိမ်ထောင်စု ၄၇ စုမှ လူဦးရေ ၂၀၀ လောက် လေဘေးဒဏ်ခံခဲ့ရကာ တိရစ္ဆာန်ထိခိုက်သ သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။ ထိခိုက်ပျက်စီးခံရတဲ့ လူနေအိမ်တွေကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးက ငွေနဲ့ ၁ ပတ်စာဆန်တွေ အိမ်ထောင်စုအလိုက် ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယာယီရွှေ့ပြောင်းထားကာ ကူညီစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် (ရေး)
ေရးၿမိဳ႕နယ္တြင္ ေလျပင္းေၾကာင့္ သစ္ပင္ပိမိ၍ ၁ ဦးေသ၊ ၂ ဦး ဒဏ္ရာရ DVB မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြင္း ၾသဂုတ္ ၄ ရက္ေန႔က မိုးသက္ေလျပင္း တိုက္ခတ္တာေၾကာင့္ လူေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ၿပီး လူ ၁ ဦးေသဆုံး၊ ၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး စီမံခန႔္ခြဲေရးေကာ္မတီက သိရပါတယ္။ ေလျပင္းေၾကာင့္ ဟံဂံ၊ ကုလားကုတ္၊ ေက်ာင္းမိေခ်ာင္းေတာင္၊ ဇီးျဖဴေသာင္၊ ေက်ာင္း႐ြာ ေက်း႐ြာအုပ္စု၊ ေစာ္ကဲေက်း႐ြာအပါဝင္ ႐ြာေပါင္း ၅ ႐ြာမွ လူေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ၿပီး သစ္ပင္ေတြလည္း ၿပိဳလဲခဲ့တယ္လို႔ ၿမိဳ႕နယ္တာဝန္ရွိသူတဦးက ေျပာပါတယ္။ သစ္ပင္ၿပိဳလဲပိမိတာေၾကာင့္ ေက်ာက္မိေခ်ာင္းေတာင္ေက်း႐ြာက အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦး  ေသဆုံးခဲ့ၿပီး ၂ ဦး ဒဏ္ရာရခဲ့တာပါ။ ပင္လယ္ကမ္းစပ္က ေနအိမ္ေပါင္း ၃၈ လုံးေလာက္လည္း ေလျပင္းဒဏ္ခံခဲ့ရပါတယ္။ ေနအိမ္ပ်က္စီးဆုံးရႈံးမႈ တန္ဖိုး က်ပ္သိန္း ၆၀ နီးပါးေလာက္ရွိပါတယ္။ အိမ္ေထာင္စု ၄၇ စုမွ လူဦးေရ ၂၀၀ ေလာက္ ေလေဘးဒဏ္ခံခဲ့ရကာ တိရစာၦန္ထိခိုက္သ ေသဆုံးတာေတာ့ မရွိဘူးလို႔ သိရပါတယ္။ ထိခိုက္ပ်က္စီးခံရတဲ့ လူေနအိမ္ေတြကို ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးက ေငြနဲ႔ ၁ ပတ္စာဆန္ေတြ အိမ္ေထာင္စုအလိုက္ ပံ့ပိုးေပးသြားမွာျဖစ္ၿပီး ယာယီေ႐ႊ႕ေျပာင္းထားကာ ကူညီေစာင့္ေရွာက္ထားတယ္လို႔ ဆိုပါတယ္။ ေနမ်ိဳးထြဋ္ (ေရး)
2 years Ago
Up