ရေးပါလာ ပြော

December 14, 2019

အာဆင်နယ် နည်းပြရာထူးနှင့် အန်စလော့တီ အသင့်တော်ဆုံးဟု ရေးပါလာ ပြော

အန်စလော့တီဟာ အာဆင်နယ် နည်းပြရာထူးနဲ့ အသင့်တော်ဆုံးနည်းပြ ဖြစ်တယ်လို့ ကစားသမားဟောင်း ရေးပါလာက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ စပိန်နည်းပြ အူနိုင်းအမ်မရီနဲ့ လမ်းခွဲအပြီးမှာ အသင်းရဲ့ လက်ထောက်နည်းပြ ယွန်းဘက်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတာပါ။  ကားလို့စ်အန်စလော့တီဟာ ထိပ်တန်းအသင်းတွေမှာ ဆုဖလားအားလုံးကို ရယူဖူးသလို ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသားသူ ဖြစ်တဲ့အတွက် အာဆင်နယ်နည်းပြ ရာထူးနဲ့ ထိုက်တန်သူဖြစ်တယ်လို့ အသင်းကစားသမားဟောင်း ရေးပါလာက ဆိုပါတယ်။  အန်စလော့တီက မော်ရင်ညိုနဲ့တောင် နည်းနည်းဆင်ပြီး သူရခဲ့တဲ့ ဆုဖလားက အလုံး ၂၀ ရှိကြောင်း၊ ထိပ်တန်းအသင်းတွေမှာ တာဝန်ယူခဲ့သလို ထိပ်တန်းအဆင့်ပြိုင်ပွဲနဲ့ ထိပ်တန်း ကစားသမားတွေရှိတဲ့အသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးရှိကြောင်း ရေးပါလာက ပြောကြားခဲ့တာပါ။ အသက် ၆၀ အရွယ် အီတလီလူမျိုးနည်းပြ အန်စလော့တီဟာ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး  အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူးပါတယ်။
2 years Ago
Up