ပြင်သစ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ ရေးနော့ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ ယူရိုငွေ ဘီလီယံ ၇ ဒသမ ၂၉ စံချိန်တင် အရှုံးပေါ်တယ်လို့ ဇူလိုင်လ ၃၀ ရက်မှာပြောဆိုလိုက်ပါတယ်။
ဒီအရှုံးပေါ်မှုဟာ ကိုဗစ်-၁၉ ဂယက်ကြောင့်ဖြစ်ပြီး ရေးနော့ မဟာမိတ်ပါတနာ နစ်ဆန်း ကိုလည်း ထိခိုက်စေပါတယ်။
ကပ်ရောဂါကြောင့် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတွေက စက်ရုံတွေကို ပိတ် လိုက်ရပြီး ကားဝယ်ယူတာတွေ မရှိတာကြောင့် ကမ္ဘာလုံးဆိုင်ရာမော်တော်ကားကုမ္ပဏီတွေ အထိ နာ နေပါတယ်။
ဒါပေမဲ့ ရေးနော့-နစ်ဆန်း မဟာမိတ်ဖွဲ့မှုကတော့ နဂိုအမြတ်ငွေ နည်းပါးတာနဲ့ ကုမ္ပဏီဘုတ်အဖွဲ့တွင်း ပြဿနာကြောင့် ပိုပြီး အထိနာပါတယ်။
ပဲရစ်မြို့ စတော့အိပ်ချိန်း စာရင်းအဖွင့်မှာ ရေးနော့ ရှယ်ယာဟာ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ရေးနော့ရဲ့စံချိန်တင် အရှုံးနဲ့ ပတ်သက်လို့ စီအီးအို လူကာဒယ်မယ်ယိုက ဒါဟာ စိတ်ပျက်ဖွယ် သတိပေးခေါင်းလောင်း ဖြစ်မယ်လို့ ပြောပါတယ်။
3 years Ago